နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်        ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ပင်းပက်-နောင်ကား-တောင်ကြီး-ရွှေညောင်-သာစည်-မြင်းခြံ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရ

Monday, May 29, 2023 - 15:45

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်        ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ပင်းပက်-နောင်ကား-တောင်ကြီး-ရွှေညောင်-သာစည်-မြင်းခြံ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ - ၂၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ပင်းပက်-နောင်ကား-တောင်ကြီး-ရွှေညောင်-သာစည်-မြင်းခြံ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ စီမံကိန်းရှင်းလင်းဆောင်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က မတ်လ ၃ ရက်နေ့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်လာရောက်စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအား အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးမှု၊ အနာဂတ်တွင် လျှပ်စစ်ရထားများ ပြေးဆွဲ နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ရထားလမ်းတစ်လျှောက် အပင်များစိုက်ပျိုး ရန် ဆောင်ရွက်လျက်ရှိမှု၊ မြေထိန်းနံရံ (Toe Wall)များ၊ ရေကာနံရံများနှင့် ရေထုတ်ပြွန် များ၊ ရေထုတ်မြောင်းများနှင့် တံတားများ ထည့်သွင်းဆောင်ရွက်လျက်ရှိမှု၊ ရထားလမ်း တစ်လျှောက် အပင်များစိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိမှု၊ ထီသိမ်ဘူတာယာဒ်ဝင်း လှေကား၊ ပလက်ဖောင်း တည်ဆောက်ခြင်းနှင့် ရထားလမ်းအဝိုင်းပတ်တည်ဆောက် ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အေးသာယာနှင့်ပေါမူဘူတာယာဒ်ဝင်း သံလမ်းခင်း ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ ပင်းပက်-နောင်ကား-တောင်ကြီး-ရွှေညောင်-သာစည်-မြင်းခြံ ရထားလမ်းပိုင်းများအလိုက် ရထားလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်လျက် ရှိမှုနှင့် လုပ်ငန်းများ ဆောင်ရွက် ပြီးစီးလျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ရထားသယ်ယူပို့ဆောင်ရေးစနစ်သည် ဒေသအတွက် များစွာအကျိုးရှိစေ မည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ ရထားလမ်းများကို လူအများသွားလာခြင်းအတွက် အသုံးပြုမည်ဖြစ်သကဲ့သို့ ကုန်ပစ္စည်းများတင်ပို့မှုအတွက်လည်း အသုံးပြုသွားမည်ဖြစ် သောကြောင့် ရထားလမ်းများ၏ ခံနိုင်ရည်အားကောင်းမွန်အောင် စနစ်တကျတည် ဆောက်ရန်လိုကြောင်း၊ ရထားလမ်းတစ်လျှောက်ရှိတံတားများကို တည်ဆောက်ရာတွင် ခံနိုင်ရည်ရှိစေရေး စနစ်တကျဖြင့်ဆောင်ရွက်ရန်လိုကြောင်း၊ သာစည်-ရွှေညောင်လမ်းပိုင်း တွင် ယခင်ကရထား များပြေးဆွဲသည့်အမြန်နှုန်းမှာ သတ်မှတ်ထားသည်ထက် နှေးကွေး သည်ဟု သိရှိရကြောင်း၊ ထို့ကြောင့်ရထားများကို တောင်ပေါ်တွင်မောင်းနှင်သည့် ပုံမှန် အမြန်နှုန်းများအတိုင်း မောင်းနှင်ပြေးဆွဲနိုင်ရေးနှင့် အန္တရာယ်ကင်းရှင်းစေရေး ဘရိတ် စနစ်များကို ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း၊ ရထားလမ်းများကို အနာဂါတ်တွင်ထပ်မံ အဆင့်မြှင့် တင်မှုများပြုလုပ်နိုင်ရေး ရထားလမ်းနယ်များကို ကြိုတင်သတ်မှတ်ဆောင် ရွက်၍ လမ်းနယ်အမှတ်အသားများကို စနစ်တကျဖြင့်ဆောင်ရွက်ရန်လိုကြောင်း၊ ရထား လမ်းတစ်လျှောက် ဘေးဘယ်ညာရှိ နိုင်ငံပိုင်မြေများတွင် သစ်တောများ စိုက်ပျိုးနိုင်ရန်လို သဖြင့် သစ်တောဥပဒေများရေးဆွဲပြီး စနစ်တကျဖြင့်ဆောင်ရွက်ရန်လိုကြောင်း၊ ရထား လမ်းဘေးပတ်ဝန်းကျင်စိမ်းစိုပြေနေမည်ဆိုပါက ရထားစီးခရီးသည်များအတွက် မျက်စိ ပသာဒဖြစ်စေမည်ဖြစ်ကြောင်း၊ မြန်မာ့မီးရထားသည် အရှေ့တောင် အာရှတွင် ပထမဆုံး ဖောက်လုပ်ပြေးဆွဲခဲ့သည့် မီးရထားလမ်းဖြစ်ကြောင်း၊ ထို့ကြောင့် ခေတ်နှင့်လျော်ညီသည့် အဆင့်မြှင့်တင်မှုလုပ်ငန်းများကို ဆောင်ရွက်ရန်လိုကြောင်း၊ ရထားများယခုထက် အမြန် နှုန်းတိုးမြှင့်ပြေးဆွဲနိုင်ရန်လိုကြောင်း၊ လူစီးရထားများကို RBE တွဲများဖြင့်ပြေးဆွဲနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ရထားလမ်းများအား မြန်နှုန်းမြှင့်၍ ပြေးဆွဲနိုင်ရန်နှင့် အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ရန်လိုကြောင်း၊ လျှပ်စစ်ရထား ပြေးဆွဲရေးနှင့်ပတ်သက်၍လည်း ကြိုတင်ပြင်ဆင်မှုများကိုဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်ရထားစက်ခေါင်းတွဲများကိုလည်းစမ်းသပ်ဆောက်လုပ်စေလျက်ရှိကြောင်း၊ ရထား စက်ခေါင်းများနှင့် ရထားတွဲများကို ပြည်တွင်းမှ ထုတ်လုပ်၍ရရှိသည့် စက်ပစ္စည်းများကို ပေါင်းစပ်၍ပြည်တွင်း၌ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ မီးရထားလမ်းများအဆင့်မြှင့်တင်ရေး အတွက် မီးရထားအင်ဂျင်နီယာ များအနေဖြင့် ဝိုင်းဝန်းဆွေးနွေးကြိုပမ်းဆောင်ရွက် ကြစေလိုကြောင်း၊ ရထားလမ်းများတွင် ခင်းကျင်းသည့် ကျောက်များသတ်မှတ်ဆိုဒ်များ ရှိရန်လိုကြောင်း၊ မြန်မာနိုင်ငံရှိ ရထားလမ်းများအားလုံး ကီလိုမီတာ ၁၀၀ အမြန်နှုန်း အထိမောင်းနှင်နိုင်ရန်မူလရည်မှန်းချက်အဖြစ်ထားရှိဆောင်ရွက်သွားရမည်ဖြစ်ပြီး နောင် တွင်အဆိုပါအမြန်နှုန်းထက်ပိုမိုပြေးဆွဲနိုင်ရေး ဆောင်ရွက်သွားရန်အတွက်  အင်ဂျင်နီယာ ရှုထောင့်မှ သုံးသပ်ဆောင်ရွက်ကြစေလိုကြောင်း၊ ရထားအသုံးပြု၍ပြေးဆွဲခြင်းသည် Public Transportation ဖြစ်သဖြင့် စက်သုံးဆီသုံးစွဲမှုကို သက်သာစေပြီး အများပြည်သူ သွားလာမှု၊ ကုန်ပစ္စည်းများတင်ပို့မှုအတွက် များစွာအထောက်အကူပြုသဖြင့် နိုင်ငံတော် အတွက် အကျိုးဖြစ်ထွန်းစေမည့် သယ်ယူပို့ဆောင်ရေးစနစ်ပင်ဖြစ် ကြောင်းဖြင့်ပြောကြား သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် ထီသိမ်ဘူတာအနီးတွင် ထည့်သွင်းဖောက်လုပ်နေသည့် ရထားလမ်း အဝိုင်းပတ်နေရာ စီမံကိန်းဧရိယာအတွင်း လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြ ချက်များအပေါ် လိုအပ်သည်များမှာကြားခဲ့ပြီး စီမံကိန်းဝန်ထမ်းများအတွက် ချီးမြှင့်ငွေ များ ပေးအပ်ခဲ့သည်။ အဆိုပါ ထီသိမ်ဘူတာအနီး၌ ထည့်သွင်းဖောက်လုပ်မည့် ရထား လမ်းအဝိုင်းပတ်ကို ရှမ်းပြည်နယ်၏ ထင်ရှားသော ဘဝသံသရာရထားလမ်းနှင့် တံတား ပုံစံအတိုင်း တည်ဆောက်လျက်ရှိကြောင်းနှင့် ရထားစီးခရီးသည်များအား ဆွဲဆောင်နိုင် သည့် ရထားလမ်းပိုင်းနေရာတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။