သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ် ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးလျက်ရှိ နေပြည်တော်၊ မေ - ၂၉

Monday, May 29, 2023 - 15:45

            သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

            ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပုဏ္ဏားကျွန်းမြို့၌ရောက်ရှိအခြေပြု လျက်ရှိသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ရွာဟောင်းကျေးရွာနှင့် အလယ်စု ကျေးရွာအား သောက်သုံးရေများ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ အလားတူ ကျောက်တော်မြို့သို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် စစ်တွေ့မြို့မှ ရောက်ရှိလာသော ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် ရန် ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများအား သယ်ယူပို့ဆောင်ပေးလျက်ရှိ သည်။

            ထို့အတူ မောင်တောမြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် ပေါက်တောပြင်(ခ)တန်းအေးကျေးရွာတွင် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ သောက်သုံးရေများ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက် ပေးလျက်ရှိသည်။ ထို့အပြင် ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းမှ သံဃာတော်များအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် ဒေသခံပြည်သူများအား သောက်သုံးရေ ဖြန့်ဝေပေးခြင်းများ ကို ဆောင်ရွက်ပေးလျက်ရှိသည်။

            အလားတူ ကျောက်ဖြူမြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် စေတီယျရပ်ကွက်တွင် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် စားသောက်ဖွယ်ရာများ လှူဒါန်းခြင်းကို  ဆောင်ရွက်ပေးလျက်ရှိ ပြီး ငလပွေ့ရပ်ကွက်တွင် သောက်သုံးရေ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

            ထို့အတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသည့် တာဝန်ရှိသူများနှင့် ကူညီ ကယ်ဆယ်ရေးအဖွဲ့များသည် သဘာဝဘေးဒဏ်သင့်ဒေသခံပြည်သူများအား ပြန်လည် ထူထောင်ရေးပစ္စည်းများပေးအပ်ကြပြီး ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။                                        အလားတူ မြောက်ဦးမြို့သို့ ရောက်ရှိနေသည့် တာဝန်ရှိသူများနှင့် ကူညီ ကယ်ဆယ်ရေးအဖွဲ့များသည် ရွှေဂိုတောင်ရပ်ကွက်ရှိ လမ်းဘေး ဘယ်/ညာမှ လဲကျနေ သော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်  ရှိသည်။                                                     

            ထို့ပြင် တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုများအရ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ဆေးဝန်ထမ်းတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်မှ ဆေးတပ်ဖွဲ့ဝင်များ ဖြင့် ဖွဲ့စည်းထားသည့် အထူးဆေးကုသရေးအဖွဲ့သည် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်၌ ယာယီဆေးရုံ ဖွင့်လှစ်၍ နယ်မြေခံကျန်းမာရေးအဖွဲ့များနှင့် ပူးပေါင်းကာ ဒေသခံပြည်သူ များအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။