သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ် ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးလျက်ရှိ နေပြည်တော်၊ မေ - ၂၂

Monday, May 22, 2023 - 18:15

            သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ကူညီကယ်ဆယ်ရေးအဖွွဲ့များသည် အဆိုပါမြို့ရှိ အခြေခံပညာအထက် တန်းကျောင်းဝန်းအတွင်း၌ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ပေးပြီး   စံပြရပ်ကွက် ရှိ လေဘေးသင့်ပြည်သူများအား ချက်ပြုတ်စားသောက်ရာတွင် အဆင်ပြေစေရန် သောက်သုံးရေသန့်များ ဖြန့်ဝေပေးလျက်ရှိသည်။

            အလားတူ ကျောက်ဖြူမြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် ကျောက်ဖြူမြို့၊ငလပွေ့ရပ်ကွက်ရှိ မုန်တိုင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီး သွားသော အခြေခံပညာအလယ်တန်းကျောင်းအား သွပ်များပြန်လည်ပြုပြင်တည် ဆောက်ပေးခြင်းနှင့်  ကုလားဘာတောင်ရပ်ကွက်ရှိ လေဘေးသင့်ပြည်သူများအား လိုအပ်သော ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စားသောက် ဖွယ်ရာများထောက်ပံ့ပေးအပ်ခြင်းနှင့် နယ်လှည့်ဆေးကုသရေးအဖွဲ့မှလည်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ပေးနေမှု များကို တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

            ထို့ပြင် ကျောက်တော်နှင့် မြောက်ဦးမြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ် ရေးအဖွဲ့များသည်လည်း  မြောက်ဦးမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံ၌ လိုအပ်သော သန့်ရှင်း ရေးလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ဒေသခံပြည်သူများအား နယ်လှည့်ဆေးကုသရေး အဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ သည်။ ထို့နောက် မြောက်ဦးမြို့ရှိ လင်ကာရကျောင်းတိုက်သို့ ဆန်အိတ်များနှင့် ဆီများ လှုဒါန်းခဲ့သည်။ ထိုသို့ဆောင်ရွက်နေမှုများကို တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေး ကြသည်။

            ရသေ့တောင်မြို့သို့ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် လေဘေးသင့်ပြည်သူများအား သောက်သုံးရေ အဆင်ပြေစေရန် ရေဖြန့်ဝေခြင်းများ ဆောင်ရွက်ပေးပြီး အနုမော်ကုန်းတန်းကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)နှင့် ဘုန်းတော်ကြီးကျောင်းတို့၌ လဲကျနေသော သစ်ပင်ကြီးများ၊ သစ်ကိုင်း များအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့်  သန့်ရှင်းရေးများဆောင်ရွက်ပေးလျက်ရှိပြီး ရသေ့ တောင်မြို့ရှိ ဓမ္မဝီဇယကျောင်းတော်၊ အောင်မြေဗောဓိရိပ်သာအလိုတော်ပြည့်ကျောင်း၊ သာသနစောတိပါလကျောင်း၊ တောင်လှမော်ကျောင်းတိုက် နှင့် ပညာဒီပပရဟိတ ကျောင်းတိုက်တို့တွင် ဆန်အိတ်များ လှုဒါန်းခဲ့သည်။ ထို့ပြင်နယ် လှည့်ဆေးကုသရေး အဖွဲ့မှလည်း လေဘေးသင့်ပြည်သူများ အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။            မောင်တောမြို့သို့ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် အင်ဒင်း ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ လဲကျနေသော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ပေးသည်။ ထို့ပြင် လေဘေး သင့်ပြည်သူများအား သောက်သုံးရေဖြန့်ဝေခြင်းများ ဆောင်ရွက်ပေးပြီး နယ်လှည့်ဆေး ကုသရေးအဖွဲ့မှလည်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ သည်။      ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်လှည့်ဆေးကုသရေးအဖွဲ့များနှင့် ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များနှင့် လိုအပ်သောပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိ သည်။

            ကျန်ရှိသည့်  သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေး ယာဉ်အုပ်စုများ အနေဖြင့်လည်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ လုပ် ဆောင်ရန် လိုအပ်လာပါက  အမြန်ဆုံးသွားရောက်နိုင်ရေး ပြင်ဆင်စုဖွဲ့ထားလျက်ရှိ သည်။

            ထို့ပြင် တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုများအရ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ဆေးဝန်ထမ်းတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်မှ ဆေးတပ်ဖွဲ့ဝင်များ ဖြင့် ဖွဲ့စည်းထားသည့် အထူးဆေးကုသရေးအဖွဲ့သည် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်၌ ယာယီဆေးရုံ ဖွင့်လှစ်၍ နယ်မြေခံကျန်းမာရေးအဖွဲ့များနှင့် ပူးပေါင်းကာ ဒေသခံပြည်သူ များအား ငှက်ဖျားပိုး၊ ဝမ်းပျက်ဝမ်းလျှောပိုးများ စစ်ဆေးပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိ သည်။