ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်နယ်များ၏  ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် တပ်ရင်း/တပ်ဖွဲ့များအား ကြည့်ရှုစစ်ဆေးပြီး ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း နေပြည

Monday, May 22, 2023 - 18:00

ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်နယ်များ၏  ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် တပ်ရင်း/တပ်ဖွဲ့များအား ကြည့်ရှုစစ်ဆေးပြီး ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း

နေပြည်တော်  မေ ၂၂

          ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေး သည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် စစ်တွေလေဆိပ်သို့ ရောက်ရှိရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီနှင့် တာဝန်ရှိသူများက ကြိုဆိုကြ သည်။

ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)သည် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကျရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာအနီးရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နယ်မြေခံ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲသို့ရောက်ရှိပြီး မုန်တိုင်းဒဏ်သင့်၍ ပျက်စီးသွားသည့် အဆောက်အဦ များအား လိုက်လံကြည့်ရှုကာ အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ထိုနောက် အဆိုပါ ရဲတပ်ဖွဲ့ခွဲရှိခန်းမ၌ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကာ တွေ့ဆုံပွဲသို့တက်ရောက်လာသည့်  တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ အား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

          ထိုမှတဆင့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်အဖွဲ့သည် မောင်တော မြို့နယ်၊ ကျီးကန်းပြင်ရှိ နယ်မြေခံ နယ်ခြားစောင့်ကွပ်ကဲမှုဌာနချုပ်သို့ရောက်ရှိရာ ရဲကွပ်ကဲမှု အဖွဲ့မှူး ရဲမှူးချုပ် ထက်လွင်နှင့် တာဝန်ရှိသူများက ကြိုဆိုသည်။ ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်အဖွဲ့သည် အဆိုပါ ရဲကွပ်ကဲမှုဌာနချုပ်အတွင်း၌ မုန်တိုင်းဒဏ်ကြောင့်ပျက်စီးသွားခဲ့သည့် အဆောက် အဦများအား လိုက်လံကြည့်ရှု၍ အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး လိုအပ် သည်များပေါင်းစပ် ညှိနှိုင်းပေးခဲ့ပြီး ကွပ်ကဲမှုဌာနချုပ်ရှိ နေမျိုးခန်းမတွင် တပ်ဖွဲ့ဝင်များနှင့် မိသားစုများအားတွေ့ဆုံ၍ အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများပေးအပ်သည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက် လာသည့် တပ်ဖွဲ့ဝင်များနှင့်မိသားစုများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

                        ယင်းနောက် ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာနယ်မြေခံတပ်ရင်း၏ မုန်းတိုင်းသင့်၍ပျက်စီးခဲ့သော အဆောက်အဦများအား လိုက်လံကြည့်ရှုပြီး   ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေး လိုအပ်သည်များမှာကြားကာ တပ်ရင်း ခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအားပေးစကားပြောကြား၍ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။ ထို့နောက်အခမ်းအနားသို့ တက်ရောက်လာသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်သည်။

                    ဆက်လက်၍ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်အဖွဲ့သည် ဝါးခုတ်ချောင်းတပ်နယ်သို့ရောက်ရှိပြီး နယ်မြေခံတပ်ရင်းများ၏ မုန်တိုင်းဒဏ် သင့်၍ပျက်စီးခဲ့သော အဆောက်အဦများအားလိုက်လံကြည့်ရှုပြီး ဦးစားပေး အဆင့်အလိုက် ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေး မှာကြားသည်။ ယင်းနောက် တပ်နယ်ခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုများအားတွေ့ဆုံအားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာ များထောက်ပံ့ပေးသည်။ ထို့နောက်အခမ်းအနားသို့ တက်ရောက်လာသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။ ထို့နောက် တပ်နယ်တပ်ရင်း၌ မွေးမြူထားသည့် ဥစားကြက် မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှု၍ မုန်တိုင်းပြီးမွေးမြူထားသောကြက်များ၏ ဥနှုန်းများ သတ်မှတ်နှုန်းထားပြန်လည်ပြည့်မှီနိုင်ရေး လိုအပ်ချက်များကို ဆောင်ရွက်ရန် မှာကြားသည်။ ဆက်လက်၍ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့် အဖွဲ့သည် ဘူးသီးတောင်တပ်နယ်၊ နယ်မြေခံတပ်မတော် ဆေးရုံသို့ရောက်ရှိကာ ဆေးဝါးကုသမှုခံယူနေသည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင် များနှင့် ဒေသခံပြည်သူ များအား အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေနှင့်စားသောက်ဖွယ်ရာများ ပေးအပ်သည်။

          ထိုမှတဆင့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်အဖွဲ့သည် တပ်နယ်အတွင်း မွေးမြူထားသည့် DYL အသားတိုးဝက်မွေးမြူရေးခြံအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

          ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)သည် ဘူးသီးတောင် တပ်နယ်ရှိအစည်းအဝေးခန်းမ၌ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားခဲ့သော အဆောက်အဦများ ပြန်လည်ပြုပြင်နှိုင်ရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကိုကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြချက် များနှင့်ပတ်သက်၍ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)က ညှိနှိုင်းပေါင်းစပ် ပေးခဲ့ကြောင်းသတင်းရရှိသည်။