အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးနှင့် ကူညီ ကယ်ဆယ်ရေးပစ္စည်များအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် ပို့ဆောင်
နေပြည်တော်၊ မေ - ၂၂
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ် သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သောပစ္စည်းများ ကူညီ ထောက်ပံ့မှုများဆောင်ရွက်ပေးနိုင်ရန် တပ်မတော်(ရေ)မှ ၂၉ မီတာ ကမ်းထိုး ရေယာဉ်ပထမအစီးသည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဝန်ထမ်း ၇ ဦး၊ ရေသန့်စက်ကား ၁ စီး၊ ဘားအံမြို့ နယ်မြေခံတပ်မဌာနချုပ်မှ အဝတ်အထည် အထုပ်ကြီး ၉ ထုပ် စုစုပေါင်းကုန်တန်ချိန် ၁၂ တန်တို့အားလည်းကောင်း၊ ၂၉ မီတာ ကမ်းထိုးရေယာဉ်ဒုတိယမြောက်အစီးသည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ ဝန်ထမ်း ၃ ဦး၊ ရေသန့်စက်ကား ၁ စီး၊ နယ်မြေခံတပ်မဌာနချုပ်မှ အဝတ်အထည်အထုပ်ကြီး ၂ ထုပ် စုစုပေါင်းကုန်တန်ချိန် ၉ တန်တို့အားလည်း ကောင်း၊ ရေချမ်းပြင်ကမ်းထိုးရပ် တင်ဆောင်၍ ယနေ့နံနက်ပိုင်းတွင် ရသေ့တောင် ကမ်းထိုးရပ်သို့ ပို့ဆောင်ပေးခဲ့ပြီးနောက် ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေးပစ္စည်း များ ထပ်မံသယ်ဆောင်ပေးရန်အတွက် ရေချမ်းပြင်၌ ပြန်လည်အခြေပြုခဲ့သည်။
ထို့ပြင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ သဲတန်းကျေးရွာအုပ်စု သဲတန်းရွာ၊ ကုန်းဘောင်ရွာ၊ တန်းခရိုးရွာ၊ လက်ညှိုးငုံရွာများရှိ အိမ်ခြေ ၂၀၆ အိမ်၊ လူဦးရေ ၉၆၅ ဦးနှင့် ဘုန်းတော်ကြီးကျောင်းတို့အတွက် ၂၉ မီတာ ကမ်းထိုးရေယာဉ်တတိယ မြောက်တစ်စီးသည် တပ်မတော်(ရေ)မှ ဆန်၊ ပဲ၊ ခေါက်ဆွဲ ခြောက်၊ ရွှေဖီဦး၊ နို့ဆီစသည့် စားသောက်ဖွယ်ရာများအား တင်ဆောင်၍ သွား ရောက်လှူဒါန်းခဲ့သည်။
အလားတူ ကမ်းထိုးရေယာဉ်တစ်စီးသည် မြန်မာ့သစ်လုပ်ငန်း(ရခိုင်ပြည်နယ်)၊ သံတွဲသစ်ထုတ်ရေးဒေသ၊ တောင်ကုတ်နယ်၊ ထန်းတောင်ကွင်း သစ်ဆိပ်မှ ကညင်ခွဲ သား(၉၆၀)ချောင်း၊ စကားဝခွဲသား(၆၇)ချောင်း စုစုပေါင်း ကုန်တန်ချိန် (၁၁၄.၆၀၂၂) တန်တို့အား တောင်ကုတ်ကမ်းထိုးရပ်၌ တင်ဆောင်၍ ယနေ့နံနက်ပိုင်းတွင် စစ်တွေ မြို့သို့ ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိသည်။