သဘာဝလေဘေးတိုက်ခတ်မှုကြောင့် စစ်တွေတပ်နယ်ရှိ ပျက်စီးမှုဖြစ်ပေါ် ခဲ့သော စာသင်ကျောင်းများ၊ ဆေးရုံများအား ပြန်လည်ပြုပြင်ခြင်း ဆောင်ရွက်နေသည့် အခြေအနေများကို ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့် တာဝန် ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် အဆောက်အဦများအား ရှင်းလင်းဖယ်ရှားခြင်း၊ ပြိုလဲနေသည့် သစ်ပင်ကြီးများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ စာသင်ခန်းများအား သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ဆေးရုံဝန်းအတွင်းနှင့် စာသင်ကျောင်း အတွင်း/အပြင် သန့်ရှင်းရေးဆောင်ရွက်နေမှုများကို ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးတို့မှ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။