တပ်မတော်အနေဖြင့် ဆိုင်ကလုံးမုန်တိုင်းမိုခါ(MOCHA)တိုက်ခတ်မှုကြောင့် ပျက်စီဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ဒေသများသို့ ကူညီကယ်ဆယ်ရေးဖွဲ့များ အားစုဖွဲ့ စေလွှတ်၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုန်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိ သည့်အပြင် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများ၊ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်း များကိုလည်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ကူညီ ပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် သဘာဝဘေးဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြန်လည်ထူထောင် ရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးကြမည့် တပ်မတော်သားများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ ကျောင်းသုံးကျောပိုးအိတ်နှင့် ဝတ်စုံ များ၊ ဆန်များ၊ ကျောင်းသုံးကျောပိုးအိတ်များ၊ ငါးခြောက်အိတ်များ၊ ကြက်သွန်နီ အိတ်များ၊ ကြက်သွန်ဖြူအိတ်၊ ငရုပ်သီးခြောက်အိတ်များ၊ ခေါ်က်ဆွဲခြောက် အိတ်များကို တင်ဆောင်၍ နေပြည်တော်လေဆိပ်မှ စစ်တွေလေဆိပ်သို့ တပ်မတော် လေယာဉ်ဖြင့် ၃ ကြိမ် ပို့ဆောင်ပေးခဲ့သည်။
အလားတူ ယနေ့တွင်လည်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်း များ၊ မြန်မာနိုင်ငံအခြေစိုက် အာဆီယံသံရုံးများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက် ပေးကြ မည့် တပ်မတော်သားများ၊ သံဃာတော် အသုံးအဆောင်ပစ္စည်းများ၊ အဝတ် အထည် များ၊ စောင်၊ ခြင်ထောင်များ၊ ဆေးပစ္စည်းမျိုးစုံ၊ ခေါက်ဆွဲခြောက်များ၊ ဆက်သွယ်ရေး ပစ္စည်းများ၊ မိုးကာလိပ်များ၊ ဆန်အိတ်များ၊ စားအုန်းဆီများ၊ အာလူးအိတ်များ၊ ကြက်သွန်နီအိတ်များ၊ ငါးသေတ္တာဘူးများ၊ ငါးပိဘူးများ၊ လက်ဖက်အကြော်စုံအိတ်များ၊ သွပ်/ အိမ်ရိုက်သံများ၊ ဆိုလာ၊ ဘတ္ထရီ၊ အင်ဗာတာ၊ မိုးကာတဲပြင်ပစ္စည်းများ၊ တာပေါ်လင်စများနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ ကို တင်ဆောင်၍ ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေဆိပ်မှ စစ်တွေလေဆိပ်သို့ တပ်မတော် လေယာဉ်များဖြင့် ၈ ကြိမ် ပို့ဆောင်ပေးခဲ့သည်။
အဆိုပါ တပ်မတော်လေယာဉ်များဖြင့် ရောက်ရှိလာသော ပစ္စည်းများကို တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။