တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး သက်ဆိုင်ရာ ကျောင်းများ၌ ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် အရာထမ်း၊ အမှုထမ်းများ ယနေ့တွင် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ စတင်ဆောင်ရွက်

Monday, May 3, 2021 - 16:30

 

နေပြည်တော်၊ မေ - ၃

 

         ကမ္ဘာတစ်ဝန်း COVID-19 ရောဂါ ပြန့်နှံ့ဖြစ်ပွားလျက်ရှိကာ မိမိတို့နိုင်ငံတွင် လည်း COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုများရှိခြင်းကြောင့်

၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများကို ခေတ္တပိတ်ခဲ့ရ၍ ပညာသင်ကြားမှုများအား ရပ်ဆိုင်းခဲ့ရသည်။ ထိုသို့ တက္ကသိုလ်များ၊ အခြေခံပညာ ကျောင်းများအား ပိတ်ထားခဲ့ရသည့်အတွက် နစ်နာခဲ့မှုများကို ပြန်လည်ကုစား၍ ပညာဆက်လက်သင်ကြားခွင့်ရရှိစေရေးအတွက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင်  ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၊ နည်းပညာ၊ အသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရ နည်းပညာကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံများရှိ သင်တန်းများ၊ အခြေခံပညာ ကျောင်းများအား COVID-19 ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေးစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ သည်။

         ထိုသို့ဆောင်ရွက်ခဲ့ခြင်းကြောင့် အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ဖွင့်လှစ်ခဲ့သည့် နောက်ဆုံးနှစ်သင်တန်းများနှင့် မဟာဘွဲ့(ရေးဖြေ)သင်တန်းများ၊ နည်းပညာ၊ အသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရနည်းပညာကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံများရှိ A.G.T.I (၃ )နှစ် ဒီပလိုမာသင်တန်းများ၏ နောက်ဆုံးနှစ်ဖြစ်သည့် တတိယနှစ်သင်တန်းများနှင့် အစိုးရနည်းပညာအထက် တန်းကျောင်းများ၏ နောက်ဆုံးနှစ်ဖြစ်သည့် ဒုတိယနှစ်သင်တန်းများအား မေလ ၅ ရက်နေ့တွင်လည်းကောင်း၊ အခြေခံပညာ(အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ကျောင်းများအား ဇွန်လ ၁ ရက်နေ့တွင် လည်းကောင်း ပုံမှန်စာသင်နှစ်အတိုင်း ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။ ထိုသို့ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် အရာထမ်း၊ အမှုထမ်းများက ယနေ့တွင် သက်ဆိုင်ရာ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများသို့ သွားရောက်၍ လိုအပ်သည့် ပြင်ဆင်မှုများ၊ ရုံးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။