ပုဂံညောင်ဦးဒေသအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ နှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်း အဝေးပြုလုပ် နေပြည်တော်၊ မေ - ၁၅

Monday, May 15, 2023 - 17:15

          ပုဂံညောင်ဦးဒေသအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံး မှုများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်း အဝေး ကို ယနေ့နေ့လယ်ပိုင်းတွင် ညောင်ဦးမြို့၊ ညောင်ဦးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး တေဇကျော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

          ဦးစွာ ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေး မှူးနှင့် ဌာနဆိုင်ရာများမှ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ၊ ပြန်လည်ထူထောင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် နိုင် ရေးကိစ္စရပ်များအား  ဆွေးနွေးတင်ပြကြရာ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော် က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး သည်။

          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး တေဇကျော်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် အာနန္ဒာဘုရား၊ စူဠာမဏိဘုရားများအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဘုရား အတွင်း ရေဝင်ရောက်မှုကို ရေစုပ်ထုတ်ခြင်း၊ ရေဖောက်ထုတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ထီးလိုမင်းလိုဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညို၍ ဘုရား အရှေ့ဘက် အဝင်မုခ် ချင်မိတ်တိုးရေနူး၍ ပဲ့ကျပျက်စီးခြင်းအား လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။