ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ပူဇော်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား တက်ရောက်ခဲ့ကြသည့် သက်ကြီးအနုပညာရှင်များအဖွဲ့ နှင့် MRTV – 4 ဇာတ်လမ်းတွဲသရုပ်ဆောင်များပါဝင်သောအဖွဲ့သည် ယနေ့နံနက်ပိုင်း တွင် လာရောက် လေ့လာဖူးမြော်ကြည်ညိုကြသည်။
ထိုသို့ လေ့လာဖူးမြော်ကြည်ညိုကြသည့် အဖွဲ့များအား တာဝန်ရှိသူတစ်ဦး က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရသည့် ရည်ရွယ်ချက်၊ တည် ထားကိုးကွယ်ရန် စကျင်ကျောက်တော်ကြီးအား အဆင့်ဆင့်တူးဖော်ခြင်းနှင့် ရေလမ်း ကြောင်း၊ ကုန်းလမ်းကြောင်းများဖြင့် ပင့်ဆောင်ခဲ့ရမှု၊ ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတု တော်အပိုင်း(၁/၂/၃/၄)တို့ကို ထုဆစ်ခြင်း၊ ပလ္လင်တော်အထက်သို့ ပင့်ဆောင်နိုင်ရန် သံမဏိမျှော်စင်ဝန်ချီစက်တည်ဆောက်ခြင်း၊ ရုပ်ပွားတော်မြတ်ကြီး ပင့်ထောင်ခြင်းနှင့် ပင့်ဆောင်နေရာချထားခြင်း လုပ်ငန်းအဆင့်ဆင့်ဆောင်ရွက်နေမှု၊ မာရဝိဇယဗုဒ္ဓ ဥယျာဉ် တော်ကြီးနှင့် သာသနိက အဆောက်အဉီစိမ်းလန်းစိုပြေသာယာ လှပစေရေးအတွက် သစ်ပင်၊ပန်းမန်များ စိုက်ပျိုးဆောင်ရွက်နေမှု၊ သာသနိကအဆောက်အဦများဆောက်လုပ် နေမှုနှင့် အဆင့်ဆင့်တိုးတက်လာမှု အခြေအနေများကို ရှင်းလင်းပြော ကြားသည်။
ထို့နောက် လာရောက်လေ့လာဖူးမြော်ကြည်ညိုကြသည့် အဖွဲ့များသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်းရှိ သာသနိကအဆောက်အဦ များ တည်ဆောက်ပြီးစီးမှုနှင့် ဆက်လက်တည်ဆောက်နေမှုများကို လှည့်လည်လေ့လာ ကြည့်ရှုကြသည်။