နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံနှင့် မြဝတီမီဒီယာစင်တာ ဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်ဖွင့်လှစ်

Monday, May 3, 2021 - 11:45

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံနှင့် မြဝတီမီဒီယာစင်တာ ဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်ဖွင့်လှစ်

နေပြည်တော်  မေ  ၂

        ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်းရှိ မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံနှင့် မြဝတီမီဒီယာစင်တာ ဖွင့်ပွဲအခမ်းအနားများအား ယနေ့ နံနက် ပိုင်းတွင် ကျင်းပပြုလုပ်ရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးသည်။

        အခမ်းအနားများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးချစ်နိုင်၊  ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံဖွင့်ပွဲ အခမ်းအနားအား ကျင်းပ ပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ သက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ မြန်မာ စီးပွားရေးကော်ပိုရေးရှင်းဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတို့က မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။

        ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိုးကောင်းရတနာ မိခင်နှင့်ကလေး ဆေးရုံ အား  စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီးနောက် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။

        ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံအတွင်း လှည့်လည် ကြည့်ရှုကြရာ ဌာနအလိုက်တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြ သည်။

        မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏ လမ်းညွှန်ချက်ဖြစ်သည့် မိမိနိုင်ငံအတွင်း နိုင်ငံသူနိုင်ငံသားများ အားကိုးအားထားပြု ရသည့် နိုင်ငံတကာအဆင့်မီ နိုင်ငံတကာ အသိအမှတ်ပြု မိခင်နှင့်ကလေးဆေးရုံကြီး အဖြစ် ပုဂ္ဂလိကကျန်းမာရေးကဏ္ဍအား အထောက်အကူပြုပေးနိုင်ရန်ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ဆေးရုံတွင် မိခင်နှင့်ကလေးဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုအနေဖြင့် ဖန်ပြွန်သန္ဓေသား ပြုလုပ်ခြင်း၊ မျိုးရိုးဗီဇများ သိမ်းဆည်းခြင်း၊ မျိုးရိုးလိုက်ရောဂါရှာဖွေစစ်ဆေးခြင်း၊ တစ်သက်တာကာကွယ်ဆေးထိုး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ဖွံ့ဖြိုးမှုနောက်ကျသော ကလေးငယ်များအားပြုစု ကုသခြင်း၊ ကလေးအာဟာရဆွေးနွေးကုသခြင်း၊ မွေးကင်းစ ကလေးငယ်များအား အထူး ကြပ်မတ်ကုသခြင်းတို့ကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ လာရောက်ကုသ မှုခံယူသည့် မိဘပြည်သူများအတွက် စာတွေ့လက်တွေ့ ကျွမ်းကျင်မှုရှိပြီး အတွေ့အကြုံ ပြည့်ဝသည့် သူနာပြုနှင့် ပါရဂူဆရာဝန်ကြီးများ၊ ကျွမ်းကျင်ပညာရှင်များက နောက်ဆုံး ပေါ်ခေတ်မီစက်ကိရိယာများဖြင့် မိခင်နှင့် ရင်သွေးငယ်များ ကျန်းမာရေးအတွက် ၂၄ နာရီကာလပတ်လုံး အထူးဂရုပြုစောင့်ရှောက်ပေးသွားမည်ဖြစ်သည့်အပြင် ရင်သွေးမရနိုင် သောမိဘများအတွက် မိုးကောင်းရတနာ မိခင်နှင့် ကလေး ဆေးရုံကြီးမှ သားဖွား မီးယပ်ပါရဂူများ၊ သူနာပြုကျွမ်းကျင်များနှင့် သန္ဓေသား ပညာရှင်များက ကူညီဖြေရှင်း ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင်  ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်သော လေကိုခံစားရရှိနိုင်သည့် Mini Garden လေးခု၊ ကလေးငယ်များအတွက် Out Door နှင့် In Door ကလေးကစားကွင်းများ၊ ဆေးရုံသုံးပစ္စည်းများ၊ ရေဆိုးများ စနစ်တကျ စွန့်ပစ်ရန်အတွက် (Hospital Waste Treatment) စနစ်တို့ကို ထည့်သွင်းတည်ဆောက် ထားသည့်အပြင် အထွေထွေဝန်ဆောင်မှုများဖြစ်သည့် ATM ငွေထုတ်စက်၊ Convenience Store ၊ Food  Court ၊ Café Teria ၊  ဆိုင်ခန်းများလည်း ပါရှိသည်။

        ဆက်လက်၍ မြဝတီမီဒီယာစင်တာ ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ရာ ပြန်ကြားရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီဥက္ကဌ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးညိုစောတို့က မြဝတီမီဒီယာစင်တာအား ဖဲကြိုးဖြတ်ဖွင့်လှစ် ကြသည်။

        ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြဝတီမီဒီယာစင်တာအား  စက်ခလုပ်နှိပ်ဖွင့် လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကြသည်။

        ယင်းနောက် Mini Theatre အတွင်း၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံနှင့် မြဝတီမီဒီယာစင်တာ တို့ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ အမှာ စကားပြောကြားရာတွင် ယခုပေါ်ထွန်းလာခဲ့သည့်  မိုးကောင်းရတနာမိခင်နှင့် ကလေး ဆေးရုံကြီး အောင်မြင်စွာဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံတကာမှ အတွေ့အကြုံရှိသည့် ကျွမ်းကျင်ပညာရှင်ကြီးများ၊ အဖွဲ့အစည်းများနှင့် အကြိမ်ကြိမ်အခါခါ တိုင်ပင်ညှိနှိုင်း ဆွေးနွေးပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျန်းမာရေးအချက် အလက်များအရ မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများအနက် ပဉ္စမမြောက် လူဦးရေ အများဆုံးနိုင်ငံဖြစ်ကြောင်း၊ ကျန်းမာရေးအသုံးစရိတ်(Healthcare Expenditure) များကို လည်း တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်သုံးစွဲလျက်ရှိကြောင်း၊ မြန်မာနိုင်ငံမှ ပြည်ပအိမ်နီး ချင်းနိုင်ငံများသို့ ဆေးကုသမှု၊ ကျန်းမာရေးစစ်ဆေးမှုများအတွက် COVID-19 မဖြစ်ပွားမီ ယခင်နှစ်များက သွားရောက်ကုသသူ လူဦးရေ နေ့စဉ် ၅၀၀ ခန့်ရှိကြောင်း၊ ထိုသို့ပြည်ပသို့ သွားရောက်ဆေးကုသသူဦးရေ တစ်နှစ်ထက်တစ်နှစ် များပြားလျက်ရှိပြီး ၂၀၁၇ ခုနှစ်တွင် ပြည်ပသို့ သွားရောက်ဆေးကုသသူ လူဦးရေစုစုပေါင်း ၂၁၇၉၅၁ ဦးရှိကြောင်း၊ ပြည်ပသို့ ဆေးကုသမှုအတွက် သွားရောက်မှုအများဆုံးနိုင်ငံမှာ ထိုင်းနိုင်ငံ ၅၆ ရာခိုင်နှုန်း၊ ဒုတိယ အများဆုံးနိုင်ငံမှာ အိန္ဒိယနိုင်ငံ ၁၉ ရာခိုင်နှုန်းနှင့် တတိယအများဆုံးနိုင်ငံမှာ စင်္ကာပူနိုင်ငံ ၁၁ ရာခိုင်နှုန်းရှိသည်ကို လေ့လာသိရှိရကြောင်း။

        ကျန်းမာရေးဝန်ဆောင်မှုအချက်အလက်များအရ မြန်မာနိုင်ငံတွင် ဆေးရုံပေါင်း ၁၃၀၁ ရုံရှိပြီး အများပိုင် (Public Hospital) ၁၁၁၅ ရုံ၊ ပုဂ္ဂလိကပိုင်(Private Hospital) ၁၈၇ ရုံရှိကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဆေးရုံခုတင်ပေါင်း ၆၁၃၉၅ ခုတင် ရှိပြီး အများပိုင်(Public) ၅၅၈၉၅ ခုတင်နှင့် ပုဂ္ဂလိကပိုင် (Private) ၅၅၀၀ ခုတင် ဖြစ်ကြောင်း၊ စစ်တမ်းများအရ ၇၂ ရာခိုင်နှုန်းခန့်သည် ပုဂ္ဂလိက ဆေးရုံဆေးခန်း များတွင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိသည်ကို လေ့လာသိရှိရကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ ပုဂ္ဂလိကကျန်းမာရေးကဏ္ဍကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု ပေးနိုင်ရန် မိုးကောင်းရတနာမိခင်နှင့်ကလေးဆေးရုံအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိုးကောင်းရတနာမိခင်နှင့် ကလေးဆေးရုံ၏ မျှော်မှန်း (Vision) အနေဖြင့် “ကျွမ်းကျင်ပညာရှင်များမှ လူနာများကို (၂၄)နာရီ ပတ်လုံး နိုင်ငံတကာ အဆင့်မီ မိခင်နှင့်ကလေးပြုစုစောင့်ရှောက်ရေးဝန်ဆောင်မှုများကို စိတ်ချ လုံခြုံစွာအဆင့်မြင့်ဆုံးပေးနိုင်မည့် မိခင်နှင်ကလေးဆေးရုံကြီးအဖြစ် စဉ်ဆက်မပြတ် အောင်စေရန်” ဖြစ်ကြောင်း၊ ထို့အပြင် မြန်မာပြည် အနယ်နယ်အရပ်ရပ်မှ လွှဲပြောင်းလူနာ များ၊ ကုသမှုလိုအပ်သည့် ကလေးငယ်များကို သင့်လျော်သည့် ဝန်ဆောင်မှုနှုန်းထားဖြင့် “Tertiary Care” အဆင့်မြင့်ကုသမှုပေးနိုင်ရန်ဖြစ်သကဲ့သို့ မိခင်နှင့်ကလေးရောဂါများကို အထူးကုသရာတွင် (One Stop Service Center) အဖြစ် တစ်နေရာတည်းတွင် ပြည့်စုံလုံလောက်သည့် ကျန်းမာရေးဝန်ဆောင်မှု ပေးနိုင်ရန်ဖြစ်ကြောင်း။

        ထို့အပြင် မိမိတို့ပြည်သူလူထုများအနေဖြင့် ကျန်းမာရေးဝန်ဆောင်မှု ဆောင်ရွက်  ရာတွင် ပြည်ပနိုင်ငံများသို့ သွားရောက်ဆေးကုသခံယူမှု ဈေးကွက်ကို အစားထိုးနိုင်ရန် ဖြစ်ပြီး ဘာသာစကားကန့်သတ်ချက်ကို ကျော်လွှားနိုင်ရန်၊ ဆရာဝန်များနှင့် အရေးပေါ် ချိတ်ဆက်ဆွေးနွေးဆောင်ရွက်မှု အခက်အခဲများမရှိစေရန်၊ ဒေသတွင်းပြည်သူလူထု များအတွက် နိုင်ငံတကာအဆင့်မီ ဆေးကုသမှုခံစားရရှိနိုင်စေရန်၊ မိသားစုနှင့်အတူ အိုးမကွာအိမ်မကွာ နွေးထွေးသည့် ကုသခံစားမှုမျိုးရရှိနိုင်စေရန်၊ ဆေးရုံနှင့်လူနာမမျှတမှု ကိုဖြည့်ဆည်းပေးနိုင်စေရန်နှင့် အဆင့်မြင့်ရောဂါရှာဖွေကုသရေးဆိုင်ရာ စက်ပစ္စည်း ကိရိယာနှင့် နည်းပညာအဆင့်မြင့်မားသည့် ကုသမှုများကို ပြည်သူလူထုအများရရှိနိုင်စေ ရန် ရည်ရွယ်ပြီး နိုင်ငံတကာအဆင့်မီ မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံကြီးကို တည်ဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း။

စက်ပစ္စည်းများကိုလည်း Brand ကောင်းသည့် စက်ပစ္စည်းကိရိယာများနှင့် အနည်းဆုံး(၁၀)နှစ်ခန့်အထိ ခေတ်မီနေနိုင်မည့် Technology မြင့်သည့် စက်ပစ္စည်းကြီး များကို တပ်ဆင်အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ထို့အပြင်လူနာများ အတွက် ဘေးကင်းလုံခြုံစိတ်ချရမှု (Patient Safety) ပိုင်းနှင့်အရည် အသွေးကောင်းမွန်မှု (Hospital Quality) ပိုင်းများတွင် ယုံကြည်စိတ်ချရသည့် နိုင်ငံတကာအသိအမှတ်ပြု ဆေးရုံတစ်ခုအဖြစ် ရပ်တည်ဆောင်ရွက်နိုင်ရေးအတွက် International Patient Safety Goals (IPS Goals) (၆)ချက်ကို အခြေခံကာ ကမ္ဘာ့အသိ အမှတ်ပြုဆေးရုံလက်မှတ် Joint Commission International (JCI)လက်မှတ်ရရှိနိုင်ရေးကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိအနေဖြင့် ဆေးရုံစတင်အကောင်အထည်ဖော်ချိန်မှစ၍ ဆေးရုံသုံး စက်ပစ္စည်းကိရိယာများ တပ်ဆင်ဆောင်ရွက်စဉ်ကာလတွင်လည်း အကြိမ်ကြိမ် လာရောက်စစ်ဆေးခဲ့ပြီး မှာကြားမှုများပေးခဲ့ကြောင်း။

ဆက်လက်ပြီး မြဝတီမီဒီယာစင်တာနှင့်ပတ်သက်၍ သတင်း၊ စာပေ၊ ရုပ်ရှင်၊ သီချင်း၊ ဂီတ၊ ရုပ်မြင် သံကြားများ၊ အကျုံးဝင်သည့် မီဒီယာလုပ်ငန်းများသည် နိုင်ငံတစ်ခု အတွက် အမျိုးသားယဉ်ကျေးမှုနှင့် အမျိုးသားအကျိုးစီးပွားအတွက် များစွာအထောက် အကူပြုစေနိုင်သည့် အင်အားစုကြီးတစ်ခုဖြစ်ပါကြောင်း၊ အဆင့်မြင့်နည်းပညာများ လိုအပ်လာသည့်အချိန်တွင် မိမိတို့နိုင်ငံ၌ အပြည့်အဝမလုပ်ဆောင်နိုင်ဘဲ ပြည်ပနိုင်ငံများ သို့ သွားရောက်လုပ်ကိုင်နေကြရသည်ကို မိမိအနေဖြင့် အားမလိုအားမရဖြစ်ခဲ့ရသည့် အတွက် တက်နိုင်သည့်အချိန်တွင်လုပ်ဆောင်မည်ဟု စဉ်းစား၍လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း။

မြန်မာနိုင်ငံ၏ မီဒီယာလုပ်ငန်းများကို နိုင်ငံတကာနှင့်အတူ ရင်ပေါင်တန်းနိုင်အောင် ဆောင်ရွက်နိုင်တော့မည့် နိုင်ငံတကာအဆင့်မီ မြဝတီမီဒီယာစင်တာနှင့်ပတ်သက်၍ မီဒီယာနှင့်ပတ်သက်သည့် ရုပ်ရှင်၊ သဘင်၊ ဂီတနှင့် စာနယ်ဇင်းလုပ်ငန်းများကို တစ်နေရာ တည်းတွင် နိုင်ငံတကာအဆင့်မီဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံတော်၏မီဒီယာ အဆင့်အတန်း မြင့်မားလာစေရန်အတွက် ရည်ရွယ်တည်ဆောက်ထားရှိခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ တည်ဆောက်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ပြည်သူလူထုယုံကြည်အားထားရမည့် အဓိကမီဒီယာလုပ်ငန်းကြီးတစ်ခု ဖန်တီးတည်ဆောက်နိုင်စေရန်၊ နိုင်ငံတော်၏ မီဒီယာ ကျင့်ဝတ်များနှင့်အညီ ပြည်သူလူထု၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြု စေရန်၊ သတင်းနှင့်မီဒီယာအခန်းကဏ္ဍ နည်းပညာဆိုင်ရာများ ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတကာစံနှုန်းများ၊ ကျင့်ဝတ်များနှင့်အညီ ခေတ်မီ မီဒီယာ နည်းပညာများ သင်ယူလေ့လာနိုင်စေရန် တို့ပင်ဖြစ်ကြောင်း။

နိုင်ငံတစ်နိုင်ငံအတွက် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးဟူသည့် မဏ္ဍိုင်သုံးရပ်ဖြင့် တည်ဆောက်ထားပြီး ၎င်းမဏ္ဍိုင်ကြီး သုံးရပ်သည် အပြန်အလှန်ထိန်း ကျောင်းမှုကျင့်စဉ်နှင့် ရပ်တည်ခြင်းမှာလည်း ဒီမိုကရေစီကျင့်စဉ်၏ အနှစ်သာရတစ်ရပ်ပင် ဖြစ်ကြောင်း၊ အဆိုပါမဏ္ဍိုင်ကြီး သုံးရပ်ကို စောင့်ကြည့်ထောက်ပြမှု ပြုလုပ်နိုင်သည့် အခြား မဏ္ဍိုင်ကြီးတစ်ခုမှာ မီဒီယာဆိုသည့် စတုတ္ထမဏ္ဍိုင်ပင်ဖြစ်ကြောင်း၊ ၂၁ ရာစု ၏ သတင်းအချက်အလက်စီးဆင်းမှု မြန်ဆန်နှုန်းကြောင့် မီဒီယာကဏ္ဍအနေဖြင့် အရေးကြီး သည့် အခန်းကဏ္ဍကို ရောက်ရှိလာကြောင်း၊ မြဝတီမီဒီယာစင်တာတွင် ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာရှင်များ၊ ပုဂ္ဂလိက မီဒီယာကုမ္ပဏီများသည် နိုင်ငံတော် အကျိုးပြုနိုင်ရေး အတွက် အဆင့်မြှင့်တင်ကွန်ရက်ပေါင်းစည်းဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း။

နိုင်ငံတစ်နိုင်ငံ၏ စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာသည် ဒီမိုကရေစီစနစ်အတွက် ဖော်ထုတ်ရေးသား ပြောဆိုနိုင်ခွင့်ကို တိုးမြှင့်ဆောင်ရွက်ရာတွင် အဓိကကျသည့် အခန်းကဏ္ဍက ပါဝင်ရုံသာမက ပြည်သူတစ်ဦးချင်းစီအတွက် သိသင့်သိထိုက်သည့် ဗဟုသုတအချက်အလက်များ ဖြန့်ဝေခြင်းဖြင့် အစိုးရ၏ပွင့်လင်းမြင်သာမှုကို တိုးတက် အောင် ဆောင်ရွက်ပေးနိုင်ကြောင်း၊ Media များ၏ အရည်အသွေး၊ နိုင်ငံ၏သမိုင်း ကြောင်းပေါ်တွင်နားလည်နိုင်မှုနှင့် နိုင်ငံကိုမြန်မာတို့၏ ထုံးတမ်းစဉ်လာနှင့် မသွေဖီဘဲ တိုးတက်ကြီးပွားစေလိုမှု ရှိစေလိုကြောင်း၊ မိမိအနေဖြင့် ပြောရမည်ဆိုပါက ရှေးရိုးစွဲရန် မဟုတ်ဘဲ ခေတ်မီသည့်အတွေးအခေါ်များကိုအားပေးရန်ဖြစ်ကြောင်း၊ အဆိုပါရည်ရွယ် ချက်များဖြင့်ပြည်သူများကို စိတ်ဓာတ်ခွန်အား၊ အသိဉာဏ်ခွန်အား ပေးနိုင်စေရန် လိုကြောင်း၊ သို့သော်အခြေအနေများသည် အခြေခံအကြောင်းတရားများအပေါ်တွင်သာ မူတည်နေကြောင်း၊ လက်ရှိကာလကမ္ဘာ့နိုင်ငံအများစုသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံး နေကြခြင်းဖြစ်သည့်အတွက် နိုင်ငံတစ်နိုင်ငံ၏ အဓိကကျသည့် ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင် အစရှိသည့် မဏ္ဍိုင်ကြီး သုံးရပ်အပြင် လိုက်နာ စောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ စည်းကမ်းများ၊ သဘောသဘာဝများကို လိုက်နာဆောင် ရွက်သည့် မီဒီယာကို စတုတ္ထမဏ္ဍိုင်အဖြစ် သတ်မှတ်ထားရှိသည့်အတွက် ယနေ့ဖွင့်လှစ် လိုက်သည့် မြဝတီမီဒီယာစင်တာအနေဖြင့်လည်း နိုင်ငံတော်၏ မီဒီယာကဏ္ဍ နိုင်ငံတကာ အဆင့်မီဖွံ့ဖြိုးတိုးတက်အောင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ရန်အဓိက ခံယူထား ကြောင်း။

ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် သတင်းမီဒီယာ IT ခေတ်တွင် သတင်း ရရှိပေးပို့မှုများ အင်မတန်လျင်မြန်လာသကဲ့သို့ သတင်းဖော်ပြမှုနှင့် အထောက်အကူ ပစ္စည်းများ နည်းပညာများသည်လည်း တစ်ရက်နှင့်တစ်ရက် မတူအောင် တိုးတက်ပြောင်းလဲ နေကြောင်း၊ ပြိင်ဆိုင်မှုများပြီး လျင်မြန်လွန်းသည့် မီဒီယာခေတ်တွင် မှန်ကန်တိကျသည့် သတင်းဖော်ပြမှုသည် အရေးပါပြီး မှားယွင်းဖော်ပြမိသည်နှင့်အမျှ တရားစွဲဆိုခံရမှုများ ဖြစ်လာနိုင်သကဲ့သို့ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် သတင်းမီဒီယာပညာ များသည်လည်း လေ့လာသင်ယူစရာများစွာရှိနေကြောင်း၊ မီဒီယာနှင့်ပြည်သူ့ဆက်ဆံရေး ဆိုသည်မှာ မိမိအဖွဲ့အစည်းလုပ်ငန်းများကို လူသိများစေရန် ဆောင်ရွက်သည့်အခါတွင် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း၊ ပြည်သူ့ဆက်ဆံရေး လုပ်ငန်းများတွင် အများပြည်သူနှင့်ဆက်ဆံရေး၊ မိမိအသိုက်အဝန်းနှင့်ဆက်ဆံရေး၊ မိမိကို ထောက်ပံ့သူများနှင့် ဆက်ဆံရေးဟူ၍ ဆက်ဆံရေးအမျိုးမျိုး ပါဝင်လျက်ရှိကြောင်း၊ မိမိသိစေချင်သည့် အကြောင်းအရာတစ်ရပ်ကို လူအများသိရှိလာစေရန် မီဒီယာမှတစ်ဆင့် ဆောင်ရွက်နိုင်ကြောင်း၊ ထို့ကြောင့် မီဒီယာဆက်ဆံရေးသည် လူသိများစေရန် ဆောင်ရွက်သည့် လုပ်ငန်းတစ်ရပ်ဖြစ်ပြီး မိမိအနေဖြင့်ပြောရမည်ဆိုပါက မီဒီယာလုပ်ငန်း သည် အတွေးအခေါ်ကောင်းရမည်၊ စက်မှုပိုင်းဆိုင်ရာကောင်းရမည်၊ နည်းပညာပိုင်းဆိုင်ရာ ကောင်းရမည်၊ သရုပ်ဆောင်မှုအပိုင်းတွင် အရုပ်နှင့်အသံပိုင်းဆိုင်ရာကောင်းရမည်၊ သံစဉ်များ ဟာမိုနီဖြစ်ရမည်၊ ပရိသတ်ကို သုတ၊ ရသပေးနိုင်ရမည်ဖြစ်ပြီး စိတ်ဓာတ် ခွန်အား ရစေရမည်ဖြစ်ကြောင်းနှင့် ကြည့်ရှုသူတို့၏ ရင်ထဲတွင် စွဲထင်ကျန်နေရမည် ဖြစ်ကြောင်း။

မြဝတီမီဒီယာစင်တာအနေဖြင့် နယ်ပယ်စုံမှ အနုပညာသမားများနှင့် မီဒီယာ လုပ်ငန်းလုပ်ကိုင်သူများကို အချက်အချာကျသည့် တစ်နေရာထဲတွင် အဆင့်မြင့် နည်းပညာသုံး ရိုက်ကူးရေးနှင့် အသံဖမ်းစတူရီယိုများ ထည့်သွင်းငှားရမ်းခြင်း၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း၊ ရိုက်ကူး၊ ထုတ်လွှင့်တင်ဆက်မှုများကို နိုင်ငံတကာအဆင့်မီ ဆောင်ရွက်နိုင်ရန်နှင့် ရုံးခန်းများကိုလည်း သင့်တင့်သည့်နှုန်းထားဖြင့် ဝန်ဆောင်မှု ပေးနိုင်ရန်ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ဖွင့်လှစ်ခြင်းအားဖြင့် အဆင့်အတန်း ရှိသည့် မီဒီယာလုပ်ငန်းတင်ဆက်မှုများကို နိုင်ငံတကာနှင့် ရင်ပေါင်တန်း ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း။

အချုပ်အားဖြင့် မိခင်နှင့်ကလေးဆေးရုံအနေဖြင့် အဆင့်မြင့်ကျန်းမာရေး ဝန်ဆောင်မှု များဆောင်ရွက်ပေးနိုင်ရန်အတွက် နိုင်ငံတကာအဆင့်မီ အတွင်းလူနာခန်းများ၊ HDU၊ ICU၊ Day Care၊ Emergency ကဲ့သို့ အခန်းများကိုလည်း ထည့်သွင်းတည်ဆောက်ထားပြီး ကျန်းမာရေးစစ်ဆေးခြင်း အစီအစဉ်များအနေဖြင့် အထွေထွေ ကျန်းမာရေးစစ်ဆေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိပြီး ဖြစ်သည့်အတွက် မိခင်နှင့်ကလေး ကုသခြင်းများ၊ မွေးဖွားမှု ဆိုင်ရာ Package များ၊ Member Card အစီအစဉ်များကိုလည်း စိတ်ကြိုက်ရွေးချယ် အားကိုးအားထားပြု ကုသပေးနိုင်မည်ဖြစ်ကြောင်း၊ ယခုဆေးရုံဖွင့်လှစ်ခြင်းကြောင်း မိခင်နှင့်ကလေးများနှင့် မြန်မာနိုင်ငံအတွက် တစ်ထောင့်တစ်နေရာမှ အထောက်အကူပြု နိုင်မည်ဟု မိမိအနေဖြင့် ယုံကြည်ကြောင်း။

သတင်းမီဒီယာလုပ်ငန်းအနေဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများက ၎င်းတို့၏အကျိုးစီးပွား အတွက် ခေတ်မီဘက်စုံမီဒီယာများကို တွင်တွင်ကျယ်ကျယ်အသုံးပြုပြီး ၎င်းတို့လိုလား သည့် အယူအဆ၊ လူနေမှုစနစ်၊ ယဉ်ကျေးမှုဓလေ့စရိုက်များကို သွတ်သွင်းခြင်းနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍစုံမှ ထိုးနှက်မှုများကို ခိုင်ခိုင်မာမာကာကွယ်နိုင် ရန်လိုအပ်ကြောင်း၊ မြဝတီမီဒီယာစင်တာ၏ အထောက်အကူပြုဆောင်ရွက်မှုကြောင့် မီဒီယာလုပ်ငန်းရှင်များ၊ မီဒီယာဝါသနာရှင်များ၊ အနုပညာရှင်များအားလုံး စုစည်းခိုင်မာ ပြီး ညီညီညွတ်ညွတ်နှင့် စုပေါင်းကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းဖြင့် ပြောကြားသည်။

၎င်းနောက် မြန်မာစီးပွားရေးကော်ပိုရေးရှင်း စီမံကိန်းများ ညွှန်ကြားရေးမှူး ဦးခင်မောင်စိုးက မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံတို့ကို ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ရည်ရွယ်ချက်၊ ရည်မှန်းချက်များ၊ လုပ်ဆောင်ပေး နိုင်မည့် ဝန်ဆောင်မှုများအား Video Clip များနှင့်တကွ ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ က နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား မိုးကောင်းရတနာ မိခင်နှင့်ကလေး ဆေးရုံနှင့် မြဝတီမီဒီယာစင်တာ ဖွင့်ပွဲအခမ်းအနားအထိမ်းအမှတ် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မြဝတီမီဒီယာစင်တာအတွင်း ရှိ ရုပ်သံမီဒီယာလုပ်ငန်းများ၊ အသံလွှင့်မီဒီယာလုပ်ငန်းအစီအစဉ်၊ တွေ့ဆုံမေးမြန်းခြင်း အစီအစဉ်၊ ရုပ်သံဇာတ်လမ်းများ ထုတ်လွှင့်တင်ဆက်မှုအစီအစဉ်၊ နိုင်ငံတကာနှင့် ပြည်တွင်းသတင်းတင်ဆက်မှုအစီအစဉ်၊ “ပြောင်းလဲလာသော မြန်မာ့ရုပ်ရှင်များအကြောင်း” နှင့်ပတ်သက်၍ အနုပညာရှင်များ၏ ဆွေးနွေးမှုအစီအစဉ်၊ မြန်မာ့ဂီတသံစဉ်တူရိယာများ တီးမှုတ်အသံသွင်းခြင်း အစီအစဉ် သရုပ်ပြသမှုများအား လိုက်လံကြည့်ရှုကြသည်။

        မြဝတီမီဒီယာစင်တာအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက် အတိုင်း ပြည်သူလူထုယုံကြည်အားထားရသည့် အဓိကမီဒီယာလုပ်ငန်းကြီးအဖြစ် မီဒီယာ ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်စေရေးနှင့် မီဒီယာအခန်းကဏ္ဍအား နိုင်ငံတကာ အဆင့်မီဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၉ ခုနှစ်‌ မေလတွင် စတင်ဆောက်လုပ် ခဲ့ခြင်းဖြစ်သည်။

မြဝတီမီဒီယာစင်တာသည် ခုနှစ်ထပ် အဆောက်အဦဖြစ်ပြီး ပထမထပ်နှင့် ဒုတိယ ထပ် ၌  4K အရည်အသွေးဖြင့် 3D ပြသနိုင်သည့် လူ ၂၀၀ ဆံ့ရုပ်ရှင်ရုံ၊  ကြီးမားသော LED Projector ပါဝင်သည့် လူ ၃၀၀ ဆံ့ ကဇာတ်ရုံ ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ သီချင်းဆို ပြိုင်ပွဲများ၊ Game Show များ၊ Model Show ပြိုင်ပွဲများပြုလုပ်နိုင်ပြီး စတိတ်စင် ၏နောက်ခံဒီဇိုင်းများ လိုအပ်သလိုပြောင်းလဲအသုံးပြုနိုင်သည့် TV Studio (၂)ခန်း၊ Talk Show Studio ၊ Radio Studio ၊ Mini Studio ၊ Sound Studio ၊ News Studio ၊  Music Studio ခန်းများ၊ စာကြည့်တိုက်နှင့် မြဝတီမီဒီယာသင်တန်းခန်းမများပါဝင်ပြီး တတိယ ထပ်၊ စတုတ္ထနှင့် ပဉ္စမထပ် တို့၌စီးပွားရေးဆိုင်ရာရုံးခန်းများ၊ ဆဌမထပ်၌ လူ ၁၂၀ ဆံ့ Ball Room၊ လူ ၈၈ ဦးဆံ့ Function Hall၊ လူ ၃၀ ဦးဆံ့ Meeting Room များ ထည့်သွင်း တည်ဆောက်ထားကြောင်း သတင်းရရှိသည်။

 

 

အရုပ်များအား ရုပ်သံ ၁ နှင့် ၂ ပေါင်း၍ တည်းဖြတ်ရန်၊ အရုပ်များစုံအောင် ပြသရန်၊

အနုပညာရှင်များအား အကြပ်ကဒ်လုံးဝမသုံးရန် အကျယ်ကဒ် သုံးနိုင်သည်။ တည်းဖြတ်ပြီးပါက MRTV – Sky net သို့လည်းပို့ပေးပါ။

အသံထည့်ရမည့်နေရာများအား ဒါရိုက်တာ မှ တရသ ၁ တပ်မှူးအား ပြောထားပါသည်။