ကွတ်ခိုင်မြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကားပစ္စည်းရောင်းဝယ်ရေးဆိုင်၌ ပစ်ခတ်မှုဖြစ်ပွား

Sunday, May 2, 2021 - 07:15

ကွတ်ခိုင်မြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကားပစ္စည်းရောင်းဝယ်ရေးဆိုင်၌ ပစ်ခတ်မှုဖြစ်ပွား

နေပြည်တော်၊ မေ - ၂

         ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကားပစ္စည်း ရောင်းဝယ်ရေးဆိုင်ရှေ့သို့ မေ ၁ ရက် ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် အမည်မသိလူ ၃ ဦး သည် Wish အမျိုးအစား မော်တော်ယာဉ် ၁ စီးဖြင့် ရောက်ရှိလာပြီး အဆိုပါဆိုင်ရှိ ဦးနေပိုင်စိုး(ခ)အာဖန်(ဘ)ဦးစိုးဝင်း အား မော်တော်ယာဉ်ပေါ်သို့ ဖမ်းဆီးခေါ်ဆောင်ရာ မလိုက်သဖြင့် အမည်မသိလူ ၁ ဦးက လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးနေပိုင်စိုး ၌ လက်နက်ငယ်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ကွတ်ခိုင်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ရရှိ ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

         အဆိုပါ လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားသူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပြီး  သက်ဆိုင်ရာမှ တရားဉပဒေနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။