Wednesday, April 12, 2023 - 17:00
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များစုပေါင်း ၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ သံဃာတော်များအား ဆွမ်းဆန်တော် လောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ မဟာသန္တရံသီစေတီတော်မြတ် ကြီး၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက ဆက်ကပ် လောင်းလှူကြသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ တိုင်းမှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက ခိုလမ်မြို့ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော် ၁၁၅ ပါးတို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လောင်းလှူခဲ့ကြကြောင်းသတင်းရရှိသည်။