နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော်သူအား ဖမ်းဆီးရမိ

Saturday, May 1, 2021 - 05:15

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော်သူအား ဖမ်းဆီးရမိ

နေပြည်တော်၊ မေ - ၁

         နိုင်ငံ၏ အုပ်ချုပ်မှုယန္တရားပုံမှန်လည်ပတ်ရေးနှင့် တိုင်းပြည်တည်ငြိမ် အေးချမ်း ရေးကို မလိုလားသည့် ဆူပူအကြမ်းဖက်လူတစ်စုက CDM လှုပ်ရှားမှုတွင် မပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ဖိအားပေးခြိမ်းခြောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ လူ့ဂုဏ်သိက္ခာကို ထိခိုက်စေသည့် Social Punishment ပြုလုပ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

         ထိုသို့လုပ်ဆောင်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သူနာပြု သင်တန်းကျောင်းမှ နည်းပြများ၊ သင်တန်းသူ၊ သင်တန်းသားများနှင့် အလုပ်သမား များအား CDM လှုပ်ရှားမှုတွင် ပါဝင်စေရန်စည်းရုံး သိမ်းသွင်းဖိအားပေးခြင်း၊ CRPH နှင့် ပြည်ပရောက်ဆရာဝန်၊ သူနာပြုများ၏ ထောက်ပံ့ငွေဖြင့် ထပ်ဆင့် ထောက်ပံ့ခြင်းများ ဆောင်ရွက်နေသည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် အေပြီ ၃၀ ရက်တွင် အမှုဖွင့်လှစ် ထားရှိသူ သူနာပြုသင်တန်းကျောင်း နည်းပြဆရာမ ဒေါ်ယဉ်ယဉ်မွန်အား ကလေးမြို့၊ အောင်သစ္စာရပ်ကွက်ရှိ ၎င်း၏နေအိမ်၌ ယနေ့နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ပြီး   ဉပဒေ နှင့်အညီ အရေးယူနိုင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။