ကျောက်ကြီးမြို့နယ်အတွင်း KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသောအဖွဲ့က ထောင်ထားသည့် ဒေသန္တရကား မိုင်းအား နင်းမိပေါက်ကွဲပြီး အပြစ်မဲ့ ပြည်သူ ၁ ဦးသေ၊ ၄ ဦးဒဏ်ရာရရှိ နေပြည်တော်၊ မတ် - ၃၀

Thursday, March 30, 2023 - 16:45

            ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း-ကျောက်ကြီးသွား ကားလမ်းပေါ်၌ KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသော အဖွဲ့က ထောင် ထားသည့် ဒေသန္တရာကားမိုင်းအား ယနေ့နံနက်ပိုင်းတွင် မော်တော်ယာဉ် တစ်စီးက နင်းမိပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

            ဖြစ်စဉ်မှာ  နတ်သံကွင်းကျေးရွာဘက်မှ ကျောက်ကြီးမြို့ဘက်သို့ အုတ်များတင် ဆောင်၍ ပဲနွယ်ကုန်းမြို့နေ မောင်စိန်မင်း(ဘ)ဦးလှမြင့် မောင်းနှင်ပြီး အမျိုးသား ၄ ဦးလိုက်ပါလာသည့်  9N/--- ချင်းလုံဒန်းထရပ် အမျိုးအစား မော်တော်ယာဉ်သည်  ယနေ့နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် နတ်သံကွင်း- ကျောက်ကြီးသွားကားလမ်းပေါ်ရှိ ရန်မျိုးအောင်တံတားအနီးသို့အရောက်၌ KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသော အဖွဲ့က ထောင်ထားသည့် ဒေသန္တရာကားမိုင်းအား နင်းမိပေါက်ကွဲခဲ့သဖြင့် ယာဉ်ပေါ် တွင် လိုက်ပါလာသည့် အမျိုးသား ၁ ဦးသေဆုံးပြီး ၄ ဦးတို့တွင် မိုင်းစထိမှန် ဒဏ်ရာ များရရှိခဲ့သည်။

            အဆိုပါ နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေ လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒဏ်ရာရရှိသူများအား ကျောက် ကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သတင်းရရှိသည်။