NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများမှ  ၂၃၀ ကေဗွီ သထုံ - မော်လမြိုင် ဓာတ်အားလိုင်း တာဝါတိုင် (၂) တိုင်အား မိုင်းခွဲဖောက်ခွဲဖျက်ဆီးမှု အခြေအနေများအား သတင်းထုတ်ပြန်ခြင်း ၂၀၂၃ ခုနှစ်၊ မတ်လ   ၂၉  ရက်

Wednesday, March 29, 2023 - 16:30

၁။           လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ပြည်သူလူထု၏ လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အား ကို နည်းမျိုးစုံဖြင့် တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ စီမံဆောင်ရွက်နေ သော်လည်း ယခုကာလများတွင် ပြည်သူလူထု၏လိုအပ်ချက်ကို လုံလောက်အောင် ဖြည့်ဆည်းပေး နိုင်မှုမရှိသဖြင့် ထုတ်လုပ်ပေးနိုင်မှုကိုအခြေခံ၍ မျှတစွာခွဲဝေခံစားရရှိနိုင်ရန် စီမံဆောင်ရွက်ဖြန့်ဖြူး လျက်ရှိပါသည်။

၂။            ထို့သို့ဆောင်ရွက်နေသည့်ကာလတွင် NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမား များမှ ပြည်သူများ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူး ပေးလျက်ရှိသော လျှပ်စစ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများအား ဖောက်ခွဲဖျက်ဆီးမှုများ ရည်ရွယ်ချက် ရှိရှိဖြင့် ပြုလုပ်လျက်ရှိရာ ၂၇-၃-၂၀၂၃ ရက်နေ့တွင် မော်လမြိုင်သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံမှ ထွက်ရှိသည့် ဓာတ်အား (၈၀) မဂ္ဂါဝပ်ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ဓာတ်အားချိတ်ဆက် ဖြန့်ဖြူး ပေးလျက်ရှိသည့် ၂၃၀ ကေဗွီ သထုံ - မော်လမြိုင်  ဓာတ်အားလိုင်း၏ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာ၊ ဒုံသမိချောင်းအနီးရှိ တာဝါတိုင်(၂)တိုင်ကို  မိုင်းခွဲဖျက်ဆီးခဲ့သဖြင့် တာဝါတိုင် (၁) တိုင်မှာ ပြိုလဲခဲ့ပြီး၊ တာဝါတိုင် (၁) တိုင်မှာ အောက်ခြေခြေထောက် (၁) ချောင်း ပျက်စီးခဲ့ပါသည်။ အဆိုပါ တာဝါတိုင် များ ပြိုလဲပျက်စီးခဲ့မှုကြောင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်လျှက်ရှိသည့် ဓာတ်အား (၈၀) မဂ္ဂါဝပ် လျော့နည်းခဲ့ရပါသည်။

၃။           သို့ပါ၍ ယနေ့အချိန်ထိ NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများမှ ရည်ရွယ် ချက် ရှိရှိဖြင့် အများပြည်သူသို့ လျှပ်စစ်ဓာတ်အားဖြည့်ဆည်းပေးလျက်ရှိသည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံများ၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများအား ဖောက်ခွဲဖျက်ဆီးခဲ့သည့်အကြိမ် ပေါင်း(၂၂၇)ကြိမ် ဖောက်ခွဲဖျက်ဆီးခဲ့ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့်လည်း လုံခြုံရေးအဖွဲ့ များနှင့်ပူးပေါင်းကာ ပြင်ဆင်ခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။

     

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန