ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ရှိ ယာယီခိုလှုံရာ စခန်းများဖြစ် သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစခန်း၊ ပျံကျစခန်း၊ စည်ပင်စခန်း၊ မြို့ပိုင် ကုန်းစခန်းများနှင့် ဆွေမျိုးများ၏ နေအိမ်များတွင် ခေတ္တခိုလှုံနေထိုင်လျက်ရှိ သည့် ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင် ၃၆၃ စုမှ မိသားစုဝင် လူဦးရေ ၁၅၀၄ ဦးတို့သည် ယနေ့တွင် ၎င်းတို့၏ သဘောဆန္ဒအရ မူလနေရပ်ဒေသများ ဖြစ်သော ပလက်ဝမြို့နယ်အတွင်း ကျေးရွာများသို့ ပြန်လည်နေထိုင်ကြမည်ဖြစ် ကြောင်း သိရှိရသည်။
ထို့ကြောင့် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် တပ်မတော်တို့မှ ၎င်းတို့၏ မူလ နေရပ်ဒေသများသို့ ပြန်လည်နေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ဆောင်ရွက်ပေးခဲ့ရာ ၎င်းတို့၏ အိမ်သုံးပစ္စည်းများကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက မော်တော်ယာဉ်များ၊ စက်လှေ များပေါ်သို့ ကူညီ သယ်ယူပို့ဆောင်ပေးခဲ့ကြသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ရှိ ယာယီခိုလှုံရာစခန်းများတွင် ခေတ္တခိုလှုံနေထိုင်လျက်ရှိသော ဒေသခံအိမ်ထောင်စုဝင်များအားလုံးသည် ၎င်း တို့၏ နေရပ်ဒေသများသို့ ပြန်လည်နေထိုင်ကြပြီးဖြစ်သဖြင့် အဆိုပါယာယီ ခိုလှုံရာစခန်းများအား ပိတ်သိမ်းပြီးဖြစ်ကြောင်း သတင်းရရှိသည်။