ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ စစ်ဆေးစီရင်ရန် မူပိုင်ခွင့်တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာများ အပ်နှင်းခြင်းနှင့် မူပိုင်ခွင့်တရားရုံးက ချမှတ်သည့် စီရင်ချက်၊ အမိန့်၊ ဆုံးဖြတ်ချက်များအပေါ် အယူခံ၊ ပြင်ဆင်မှုများကို စစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့်အာဏာများ အပ

Tuesday, March 28, 2023 - 18:15

http://www.unionsupremecourt.gov.mm/sites/default/files/supreme/logo.png

 

သတင်းထုတ်ပြန်ချက်

 

 

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ စစ်ဆေးစီရင်ရန် မူပိုင်ခွင့်တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာများ အပ်နှင်းခြင်းနှင့် မူပိုင်ခွင့်တရားရုံးက ချမှတ်သည့် စီရင်ချက်၊ အမိန့်၊ ဆုံးဖြတ်ချက်များအပေါ် အယူခံ၊ ပြင်ဆင်မှုများကို စစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့်အာဏာများ အပ်နှင်းခြင်းတို့နှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အမိန့်ကြော်ငြာစာများ ထုတ်ပြန်ခြင်း

 

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၀-၃-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၈၂/၂၀၂၃ အရ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ စတင်အာဏာတည်သည့် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက် မှစ၍ ကျင့်သုံးရမည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ စစ်ဆေးစီရင်ရန် မူပိုင်ခွင့်တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာများနှင့် မူပိုင်ခွင့်တရားရုံးက ချမှတ်သည့် စီရင်ချက်၊ အမိန့်နှင့် ဆုံးဖြတ်ချက်များ အပေါ် အယူခံ၊ ပြင်ဆင်မှုများကို စစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့်အာဏာများ အပ်နှင်းသည့် ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၃၅/၂၀၂၃)၊ (၂၃၆/၂၀၂၃)၊ (၂၃၇/၂၀၂၃)၊ (၂၃၈/၂၀၂၃) နှင့် (၂၃၉/၂၀၂၃) တို့ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ထုတ်ပြန်လိုက်သည်။

 

 

၁။  အမိန့်ကြော်ငြာစာအမှတ် (၂၃၅/၂၀၂၃) -  ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၆၇ (ဂ) နှင့် (င) တို့အရ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်အား အောက်ပါကိစ္စရပ်များကို စစ်ဆေးစီရင်ရန် မူပိုင်ခွင့်တရားရုံး၏ စီရင်ပိုင်ခွင့် အာဏာများကို အပ်နှင်းလိုက်သည်-

(က)     ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၆၆ အရ အေဂျင်စီ၏ ဆုံးဖြတ်ချက် အပေါ် လျှောက်ထားမှုများ၊

( ခ)      ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၇၂ အရ အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ ဆိုင်းငံ့မိန့်အပေါ် လျှောက်ထားမှုများ။

 

၂။  အမိန့်ကြော်ငြာစာအမှတ် (၂၃၆/၂၀၂၃) -    ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၆၇ (ဂ) အရ အောက်ဖော်ပြပါ တရားရုံးများအား ယင်းဥပဒေအရ အရေးယူဆောင်ရွက်သည့် ရာဇဝတ်မှုများကို စစ်ဆေးစီရင်ရန် မူပိုင်ခွင့်တရားရုံး ၏ ရာဇဝတ်မူလမှုစီရင်ပိုင်ခွင့်အာဏာများကို အပ်နှင်းလိုက်သည်-

            (က)     ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး

( ခ)      ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ

( ဂ)      ခရိုင်တရားရုံးများ

 

၃။  အမိန့်ကြော်ငြာစာအမှတ် (၂၃၇/၂၀၂၃) -   ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၆၇ (ဃ) အရ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်များအား မိမိတို့စီရင်ပိုင်ခွင့်ဒေသအတွင်းရှိ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးနှင့် ခရိုင်တရားရုံးများက ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဥပဒေအရ ချမှတ်ခဲ့သည့် ရာဇဝတ်ဆိုင်ရာ စီရင်ချက်၊ အမိန့်နှင့် ဆုံးဖြတ်ချက်များအပေါ် အယူခံ၊ ပြင်ဆင်မှုများကို စစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့်အာဏာများကို အပ်နှင်းလိုက်သည်။

 

 

 

၄။  အမိန့်ကြော်ငြာစာအမှတ် (၂၃၈/၂၀၂၃) -   ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၆၇ (ဂ) အရ ကျောက်တံတားခရိုင်တရားရုံးအား အောက်ပါကိစ္စရပ်များကို စစ်ဆေးစီရင်ရန် မူပိုင်ခွင့်တရားရုံး၏ တရားမမူလမှုစီရင်ပိုင်ခွင့် အာဏာများကို အပ်နှင်းလိုက်သည်-

(က)     ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေပါ မူပိုင်ခွင့်အခွင့်အ‌ရေးချိုးဖောက်ခြင်းနှင့်စပ်လျဉ်း သည့် တရားမကြောင်းအရ စွဲဆိုမှုများ၊

( ခ)      ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၇၇ (က) အရ ယာယီအရေးယူဆောင်ရွက် ပေးရန် လျှောက်ထားမှုများ။

 

၅။  အမိန့်ကြော်ငြာစာအမှတ် (၂၃၉/၂၀၂၃) -   ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၆၇ (ဃ) အရ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်အား  မူပိုင်ခွင့်တရားရုံးက  တရားမမှုများတွင် ချမှတ်သော စီရင်ချက်၊ အမိန့်နှင့် ဆုံးဖြတ်ချက်များအပေါ် အယူခံ၊ ပြင်ဆင်မှုများကို စစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့် အာဏာများကို အပ်နှင်းလိုက်သည်။