တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်ကမ်းရိုးတန်း  ဒေသများနှင့် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်တို့ရှိ ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပြီး  ပြန်လည်ရောက်ရှိ နေပြည်တော်၊ မတ် (၂၄)ရက်

Friday, March 24, 2023 - 15:45

                တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် နယ်လှည့်အထူးကုဆေးအဖွဲ့များ လိုက်ပါလာသော တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများနှင့် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်တို့ရှိ ဒေသခံပြည်သူများ အား မတ်လ(၁)ရက်မှ (၂၂)ရက်အထိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင် ရွက်ပေးပြီး ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၄)ရေတပ်ဆိပ်ခံတံတား(သီလဝါ) သို့ ပြန်လည်ရောက်ရှိလာရာ သန်လျင်တပ်နယ်မှ ဗိုလ်ချုပ် ထိန်ဝင်း ဦးဆောင်သော တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်မိသားစုများနှင့် သန်လျင်မြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ချိုချိုလွင် တို့က ကြိုဆိုနှုတ်ဆက်ကြသည်။

                အဆိုပါ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ အထူးကုဆေး အဖွဲ့များသည် ရခိုင်ကမ်းရိုးတန်းဒေသများဖြစ်သော ဂွမြို့၊ သံတွဲမြို့နယ်၊ ကျောက္ကလပ် ကျေးရွာအုပ်စု၊ သဗြုချိုင်ကျေးရွာ၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာ၊ မာန်အောင် မြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့ရှိ ပြိုင်းတောင်ကျေးရွာအုပ်စု၊ စိုးမဲကျီကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများ၊ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်အနီးတစ်ဝိုက်ဒေသများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာဆောင်ရွက်ပေးမှုအနေဖြင့် ဆေးကုသမှုဆိုင်ရာရောဂါ(၄၈၁၆)ဦး၊ ခွဲစိတ်ရောဂါ(၈၁၈)ဦး၊ သားဖွား/မီးယပ်ရောဂါ (၆၀၉)ဦး၊ ကလေးရောဂါ(၇၈၀)ဦး၊ အရိုးရောဂါ(၂၈၈၄)ဦး၊ နား/နှာခေါင်း/လည်ချောင်း ရောဂါ(၁၁၇၉)ဦး၊ မျက်စိရောဂါ(၃၅၀၉)ဦးနှင့် သွားနှင့်ခံတွင်းရောဂါ(၁၂၃၂)ဦး၊ စုစုပေါင်းဒေသခံပြည်သူ(၁၅၈၂၇)ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက် ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် မျက်စိခွဲစိတ်လူနာ(၁၄၂)ဦးနှင့် အထွေထွေခွဲစိတ်လူနာ (၁၀၀)ဦးတို့ကို ဆေးရုံရေယာဉ်ပေါ်တွင် ခွဲစိတ်ကုသမှုများဆောင်ရွက်ပေးခဲ့သည်။

                ထို့ပြင် ဓာတ်မှန်ရိုက်လူနာ(၆၅)ဦး၊ Ultrasound ရိုက်လူနာ(၁၁၅၈)ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ(၃၈၈)ဦးနှင့် ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ (၁၁၀၇)ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံရေယာဉ်ပေါ်ရှိ သားဖွား ခန်း၌ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။

                တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ပြန်လည်ရောက်ရှိ လာသည့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့ဝင်များ အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဂုဏ်ပြု ပေးအပ်ချီးမြှင့်သောလက်ဆောင်ပစ္စည်းများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ဗိုလ်ချုပ် ထိန်ဝင်းကပေးအပ်ခဲ့ပြီး စားသောက်ဖွယ်ရာများဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။

                တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ၂၀၁၆ ခုနှစ်မှစ၍ မြန်မာ့ပင်လယ်ကမ်းရိုးတန်းဒေသများနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရာ ယခုခရီး စဉ်သည် (၁၆)ကြိမ်မြောက်ဖြစ်ပြီး ဒေသခံပြည်သူစုစုပေါင်း (၁၄၁၉၉၄) ဦး တို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ဆေးရုံ ရေယာဉ်ပေါ်ရှိသားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင်(၁၈)ဦးတို့အား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

                အဆိုပါ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့မှုအပေါ် တာဝန်ရှိသူများ၏ ရင်တွင်း ပီတိစကားသံများအား ယခုလိုပဲကြားသိခဲ့ရပါတယ်။