မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်နှင့် ပေါင်မြို့နယ်တို့၌ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၁၄၄ အရ အမိန့်ထုတ်ပြန်

Tuesday, April 6, 2021 - 09:45

နေပြည်တော်၊  မတ် - ၈

နေပြည်တော်ကောင်စီနယ်မြေအတွင်းနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်းရှိ မြို့နယ်များ၌ ဖေဖော်ဝါရီ ၈ ရက်နှင့် ဖေဖော်ဝါရီ ၉ ရက်တို့တွင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ အရ အမိန့်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ထိုသို့ထုတ်ပြန်ရာ ယနေ့တွင်လည်း မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် နှင့် သထုံခရိုင်၊ ပေါင်မြို့နယ်များအတွင်းတို့၌ စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တစ်မျိုးမျိုးကို အသုံးပြု၍ ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်း ဆန်ခတ်ပြုမှုခြင်းများကို မပြုလုပ်ရန် တားမြစ်လိုက်ပြီး လူ ၅ ဦး သို့မဟုတ် ၅ ဦး ထက်ပိုသော သူများသည် ယင်းမြို့နယ်များအတွင်း အများပြည်သူနှင့် ဆိုင်သောနေရာများတွင် စုဝေးခြင်း မပြုရန်နှင့် ည ၈ နာရီအချိန်မှ နံနက် ၄ နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို ထပ်မံထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။