ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်သို့ ရောက်ရှိရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆို ကြသည်။
အဆိုပါ နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ကိုကိုးကျွန်းမြို့နယ်ရှိ နယ်မြေခံ ရေတပ်အခြေစိုက်စခန်း ခန်းမ၌အခြေပြု၍ ကိုကိုးကျွန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူ ၄၉၃ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးကြ သည်။
ထိုသို့ ဆောင်ရွက်ပေးရာ ယနေ့တွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၃၇ ဦး၊ ခွဲစိတ်ရောဂါ ၄၅ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၄ ဦး၊ ကလေးရောဂါ ၁၈ ဦး၊ အရိုးရောဂါ ၇၄ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၄၆ ဦး၊ မျက်စိရောဂါ ၁၁၀ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၄၉ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး သည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၄ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၆ ဦး၊ အာထရာဆောင်းဖြင့်စမ်းသပ် စစ်ဆေးလူနာ ၃၉ ဦး၊ ECG ဖြင့် နှလုံး စမ်းသပ်လူနာ ၅၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၉ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သူ ၅ ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို နယ်မြေခံတပ်နယ်မှ တာဝန်ရှိ သူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ကျန်းမာရေးဆောင်ရွက်ပေးမှုအပေါ် နယ်မြေခံတာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူများ၏ စကားသံများကို ယခု လိုပဲကြားသိခဲ့ရပါတယ် -
သင်္ဘောကြီးအပေါ်မှာ ခွဲစိတ်ကုသပေးတယ်။ စားရေးသောက်ရေးကအစ ပြည့်ပြည့်စုံစုံဧည့်ခံတယ်။ အင်မတန်လည်းဝမ်းသာတယ်။ ကျေးဇူးလည်းတင် တယ်။ အချုပ်အနေနဲ့ပြောချင်တာက ဒီကိစ္စအဝဝကိုစီမံဆောင်ရွက်ပေးတဲ့ နိုင်ငံ တော်အကြီးအကဲ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ အခြားအာဏာပိုင်ပုဂ္ဂိုလ်များ အားလုံး၊ ကျန်းမာရေးလာရောက်စောင့်ရှောက်ပေးတဲ့ သံလွင်ဆေးရုံသင်္ဘော ကြီးမှာပါတဲ့ အရာရှိ၊ အရာခံ၊ တပ်မတော်သားဝန်ထမ်းအားလုံး၊ အရပ်ဘက်က ကျန်းမာရေးဝန်ထမ်းအားလုံးကို အထူးဘဲကျေးဇူးတင်ကြောင်းပြောကြားလို ပါတယ်။
အခုလိုသံလွင်သင်္ဘောကြီးတစ်နှစ်တစ်ခါလာရောက်ပြီးကျန်းမာရေးစောင့် ရှောက်ပေးလို့အထူးကျေးဇူးတင်ပါတယ်။ ကျွန်မတို့ ကိုကိုးကျွန်းမှာ ဆရာဝန်၊ ဆရာမလည်းနည်းတယ်။ ဆရာဝန်ဆိုလည်းတစ်ယောက်ပဲရှိတယ်။ ဆရာမဆို လည်းနည်းတယ်။ အခုလိုသံလွင်သင်္ဘောကြီးပေါ်မှာ ပါရဂူတွေ၊ ဆရာဝန်တွေ အစုံပါလာတဲ့အတွက် ရောဂါပေါင်းစုံလည်းကုလို့ရတယ်။ ဖြစ်တဲ့ရောဂါတွေ အကုန်လုံးကုလို့ရတဲ့အတွက်အရမ်းလည်းကျေးဇူးတင်တယ်။ ကျွန်မတို့ ကိုကိုး ကျွန်းကြီးဟာ သွားလာရလည်းခက်ခဲတယ်။ အခုဖြစ်လို့ အခုသွားလို့လည်း မရဘူး။ အဲဒီအတွက် အခုလိုလာရောက်ကုသပေးတဲ့အတွက်အရမ်းကိုကျေးဇူး တင်ပါတယ်။ တစ်ချို့ကြတော့လည်းရန်ကုန်ကိုသွားကုသဖို့ ပိုက်ဆံမရှိကြဘူး။ အဲဒီလူတွေအတွက် အရမ်းအဆင်ပြေတယ်။ အခမဲ့ကုသပေးတဲ့အတွက် ပိုက်ဆံ မရှိတဲ့သူတွေအတွက်လည်း အရမ်းအဆင်ပြေတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလို့မသွားလာနိုင်သူတွေအတွက်လည်း အရမ်းအဆင်ပြေတယ်။ မျက်စိဆို ရင်လည်း ခွဲစိတ်ကုသပေးလို့ ပျောက်တာတွေလည်းအများကြီးရှိလို့ အဲဒီအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မကတော့ အမြဲတန်းလာစေချင်တယ်။ တစ်နှစ်တစ် ခေါက်မဟုတ်ဘူး၊ ဖြစ်နိုင်ရင် တစ်နှစ် နှစ်ခေါက်လောက်လာစေချင်ပါတယ်။ ကျွန်မဆိုရင်နှလုံးရောဂါရှိတယ်။ အခုလိုစီစဉ်ဆောင်ရွက်ပေးတဲ့ ဗိုလ်ချုပ်မှူးကြီး ကိုလည်းအရမ်းကျေးဇူးတင်ပါတယ်။ ဆေးလာရောက်ကုသပေးတဲ့ သံလွင် သင်္ဘောကြီးပေါ်မှာပါလာတဲ့ ပါရဂူတွေ၊ ဆရာဝန်တွေ၊ ဆရာမတွေအားလုံးကို ကျေးဇူးတင်ပါတယ်။