ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့တွင် ဆူပူအကြမ်းဖက်မှုဖြစ်ပွားမှုသတင်း

Tuesday, April 6, 2021 - 09:15

နေပြည်တော်၊ မတ်လ ၈ ရက်

၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့ နေ့လည် ၁ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံမြို့၊ သာစည်ဘုရားအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆူပူဆန္ဒပြသူ အင်အား(၇၀)ဦးခန့်မှ ဂျင်ကလိ၊ လေးဂွတို့ဖြင့် တိုက်ခိုက်ခဲ့သဖြင့်

လုံခြုံရေးတပ်ဖွဲ့မှ အရာရှိ (၁)ဦး မျက်လုံးအောက်တွင် လေးဂွထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့မှ အဓိကရုဏ်း နှိမ်နင်းရေးလုပ်ငန်းစဉ်များဖြင့် ထိန်းသိမ်းဆောင်ရွက်ခဲ့ရာ ဆူပူသူဆန္ဒပြသူများအနက်မှ ကျား(၄)ဦး၊ မ(၁)ဦးတို့ ဒဏ်ရာရရှိကာ လူစုခွဲထွက်ပြေးသွားခဲ့ကြောင်း သတင်းရရှိပါသည်။

တည်ငြိမ်‌အေးချမ်းရေးကို ဖျက်ဆီးရန်အကြံဖြင့် ဆူပူအကြမ်းဖက်ခဲ့ကြသူများအား ဆက်လက်စုံစမ်း ဖမ်းဆီးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။