Thursday, March 16, 2023 - 15:30
- ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် လျှပ်စစ်သုံးယာဉ် Battery Electric Vehicles (BEVs) များနှင့်စပ်လျဉ်း၍ တည်ဆဲဉပဒေ၊ နည်းဉပဒေများ၊ ရုံးအမိန့်၊ ညွှန်ကြားချက် များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကနဦးမှတ်ပုံတင်လုပ်ငန်းများကို ဆောင်ရွက်ပေးသွား မည်ဖြစ်ပါသည်။
- လျှပ်စစ်သုံးယာဉ် (BEVs)များ ကနဦးမှတ်ပုံတင်ဆောင်ရွက်ရာတွင် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ လဆန်းမှစ၍ ကျင့်သုံးဆောင်ရွက်လျက်ရှိသော ရန်ကုန်တိုင်းဒေသကြီးလိုင်စင်ဖြင့် ယာဉ်အို ယာဉ်ဟောင်းအပ်နှံသောမော်တော်ယာဉ်များကိုသာ ရန်ကုန်လိုင်စင်ထုတ်ပေးရန် ညွှန်ကြားချက် အတိုင်း ဆက်လက်ကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သို့ပါ၍ ရန်ကုန်တိုင်းဒေသကြီး လိုင်စင်ဖြင့် မှတ်ပုံတင်ဆောင်ရွက်လိုသော လျှပ်စစ်သုံးယာဉ်များအတွက် ရန်ကုန်တိုင်းဒေသကြီး လိုင်စင်ဖြင့် ယာဉ်အိုယာဉ်ဟောင်းအပ်နှံစလစ် (ပုံစံ- ဃ) လိုအပ်ပါကြောင်း အသိပေးကြေညာ အပ်ပါသည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန