ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ ၎င်းတို့၏နေရပ်ဒေသအသီးသီးသို့ ပြန်လည်နေထိုင်နိုင်ရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

Monday, April 5, 2021 - 10:30

နေပြည်တော်၊ မတ် - ၈

ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ ၎င်းတို့၏နေရပ်ဒေသအသီးသီးသို့ ပြန်လည်နေထိုင်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သား များက မိုင်းရှင်းလင်းရေးလုပ်ငန်းများ  ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် အမ်း-စစ်တွေ ပြည်ထောင်စု ကားလမ်းမကြီး တစ်လျှောက်တွင် လည်းကောင်း၊ ရသေ့တောင်မြို့နယ် မြင်းဂန်းချောင်းကျေးရွာတစ်ဝိုက်နှင့် ကျေးရွာချင်းဆက်လမ်းများတွင် လည်းကောင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများကို နယ်မြေခံ တပ်မတော်သားများက ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။