သတင်းထုတ်ပြန်ခြင်း နေပြည်တော်၊ မတ်လ ၈ ရက်

Monday, April 5, 2021 - 10:30

သတင်းထုတ်ပြန်ခြင်း

နေပြည်တော်၊ မတ်လ ၈ ရက်

နိုင်ငံတော် တည်ငြိမ်ရေးနှင့်အေးချမ်းသာယာရေးကို ပျက်ပြားစေရန်အတွက် လမ်းမ ပေါ်သို့ လူငယ်ထုအများအပြားကို မရောက်ရောက်အောင် နည်းမျိုးစုံအသုံးပြုသွေးထိုး၍ ဆူပူ သူအစုအဝေးမှ အဖျက်အမှောက်လုပ်ငန်းများ အကြမ်းဖက်မှုဖြစ်စဉ်ဖြစ်ရပ်များကို တစ်နေ့ တစ်မျိုးပြောင်းလဲကျင့်သုံးနေသည်ကို တွေ့ရှိရပါသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဆူပူဆန္ဒပြသူအုပ်စုများ၏ တုန့်ပြန်မှုအပေါ်မူတည် ကာအဓိကရုဏ်းနှိမ်နင်းရေးလုပ်ငန်းစဉ်များကို ပြောင်းလဲဆောင်ရွက်လျက်ရှိပါသည်။ ကမ္ဘာ့ နိုင်ငံအသီးသီးတွင်လည်း မိမိတို့နိုင်ငံများအလိုက် ဆူပူဆန္ဒပြသူများအား ဖြိုခွဲရာတွင် မိမိတို့ နိုင်ငံ၊ မိမိတို့လူမျိုးစုများ၏ အလေ့အထ၊ ဓလေ့ထုံးစံများအပေါ်မူတည်၍ ဆောင်ရွက်ကြသည် ကိုလေ့လာတွေ့မြင်ကြရမည်ဖြစ်ပြီး မိမိတို့နိုင်ငံအတွင်း အဓိကရုဏ်းနှိမ်နင်းရေးလုပ်ငန်းစဉ် များဆောင်ရွက်နေမှုများသည် အခြားသောနိုင်ငံများထက် များစွာလျှော့ပေါ့ဆောင်ရွက်နေ သည်ကို လေ့လာတွေ့ရှိရပါသည်။

နိုင်ငံအတွင်း ဆူပူအကြမ်းဖက်လုပ်ဆောင်နေမှုအသီးသီးအနေဖြင့် ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် မြို့နယ်အချို့၌ လူစုလူဝေးများဖြစ်ပွားခဲ့သဖြင့် လူစုခွဲခြင်းများဆောင်ရွက်ခဲ့ရပါ သည်။

လက်ရှိအခြေအနေတွင် နိုင်ငံတော်အစိုးရအနေဖြင့် စိတ်ရှည်သည်းခံမှုကာလ ကျော်လွန်ခဲ့ပြီး ဖြစ်ကာ အဓိကရုဏ်းနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိခိုက်ဒဏ်ရာရရှိမှု အနည်းဆုံး ဖြစ်စေရေး ဦးတည်ဆောင်ရွက်လျက်ရှိသော်လည်း တည်ငြိမ်အေးချမ်းလုံခြုံမှုကို အပြည့်အဝရရှိ လိုသော လူထုအများစုအနေဖြင့် အဓိကရုဏ်းနှိမ်နင်းရေးလုပ်ငန်းကို ယခုထက်ပိုမိုထိရောက် ပြတ်သားစွာ ကိုင်တွယ်စေလိုကြောင်း သိရှိရပါသည်ဟု သတင်းထုတ်ပြန်ထားရှိပါသည်။