Monday, April 5, 2021 - 10:15
နေပြည်တော်၊ မတ် - ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ခရိုင်ပြည်သူ့ဆေးရုံမှ ဆရာဝန်၊သူနာပြုများ နှင့် ကျန်းမာရေးဝန်ထမ်းများသည် ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ခြင်းမပြုဘဲ CDM တွင်ပါဝင်ပြီး တာဝန်ပျက်ကွက်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ဒေသခံပြည်သူလူထု၏ကျန်းမာရေးလုပ်ငန်းများကို ဆောင်ရွက် ပေးရန်အခက်အခဲများဖြစ်ပေါ်နေသည့်အတွက် ဒေသခံပြည်သူများက ယနေ့နံနက်ပိုင်းတွင် “ တာချီလိတ်မြို့ပြည်သူ့ဆေးရုံကြီး အမြန်ဖွင့်ပေးရေး၊ ကျင့်ဝတ်နှင့်မညီသော ဆရာဝန်များအလိုမရှိ၊ CDM ပြုလုပ်သော ကျန်းမာရေးဝန်ထမ်းများ အလိုမရှိ” စသည့် စာသားပါ ဆိုင်းပုဒ်များ၊ ကြွေးကြော်သံများဖြင့် ရှုံ့ချဆန္ဒထုတ်ဖော်မှုများကို ရပ်လျက်ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းရရှိသည်။