ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့်ရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာ ရေးဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု များသည် ယနေ့တွင် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ မျက်စိခွဲစိတ်ကုသပြီးသော ဒေသခံပြည်သူများအား ဆေးရုံရေယာဉ် ပေါ်၌ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆက်လက်ဆောင်ရွက်ပေးရာ တာဝန်ရှိ သူများက လိုက်လံကြည့်ရှု အားပေး၍ မျက်မှန်များတပ်ဆင်ပေးပြီး အာဟာရဖြည့် စားသောက် ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ကြသည်။ ထို့နောက် အဆိုပါလူနာများအား ကျောက်နီမော်ကျေးရွာတိုက်နယ်ပြည်သူ့ဆေးရုံသို့ တပ်မတော် ရေယာဉ်ဖြင့် ပြန်လည် ပို့ဆောင်ပေးသည်။
ထို့အတူ နယ်လှည့်အထူးကုဆေးအဖွဲ့သည် ကျောက်နီမော်ကျေးရွာနှင့် ပတ်ဝန်း ကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၈၄၆ ဦးအား ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် ကျေးရွာ တိုက်နယ်ပြည်သူ့ဆေးရုံ၌ အခြေပြု၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များ ဆက်လက် ဆောင်ရွက်ပေးကြသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ယနေ့တွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၉၆ ဦး၊ ခွဲစိတ်ရောဂါ ၅၇ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၂၇ ဦး၊ ကလေးရောဂါ ၃၅ ဦး၊ အရိုးရောဂါ ၂၂၁ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၇၃ ဦး၊ မျက်စိရောဂါ ၁၅၈ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၇၉ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး သည်။ ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၁ ဦး၊ ဓာတ်မှန်ရိုက် လူနာ ၁ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ် စစ်ဆေးလူနာ ၄၇ ဦး၊ ECG ဖြင့် နှလုံး စမ်းသပ်လူနာ ၄၉ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက် ရောက်ကုသရန် လိုအပ်သူ ၁ ဦးကို နီးစပ်ရာတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။