လေးဆူဓာတ်ပုံ‌ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၂၆၁၁) နှစ်မြောက် ဗုဒ္ဓပူဇနိယ (တပေါင်း)ပွဲတော်ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကျင်းပ နေပြည်တော်၊ မတ် - ၄

Saturday, March 4, 2023 - 15:30

          လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၂၆၁၁) နှစ်မြောက် ဗုဒ္ဓ ပူဇနိယ(တပေါင်း)ပွဲတော်ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ယနေ့နေ့လယ် ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော်ရင်ပြင်တော် ပေါ်၌ ပြုလုပ်ရာ ပင့်သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထား သည့် ဒါယကာ၊ ဒါယိကာမများ တက်ရောက်ကြသည်။

          ဦးစွာ ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင် စုစုပေါင်း ၁၄၅ ပါးတို့က ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှ စေတီတော်မြတ်ကြီး၏ လက်ယာရစ်အတိုင်း လှည့်လည်အပူဇော်ခံကြပြီး   တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။