ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် (အင်္ဂလီကန်) စစ်တွေသာသနာပိုင်၏ နယ်စီးသာသနာပိုင်ကြီး ဒေါက်တာ ဂျိမ်း(စ်)မင်းဒိန်နှင့် ရခိုင်ပြည်နယ်အတွင်း မြို့နယ်အသီးသီးနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့တို့မှ အသင်းအုပ်၊ အသင်းထောက်ဆရာတော်များနှင့် အသင်းဝင်များအား ယနေ့နံနက်ပိုင်း တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ပြည်နယ်ဝန်ကြီးများက စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်၊ မေယုလမ်းရှိ မြန်မာနိုင်ငံခရစ်ယာန် အသင်းတော် (အင်္ဂလီကန်) ကသီဒြယ်ဘုရား ကျောင်း၌ တွေ့ဆုံ၍ ဘုရားကျောင်းအတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။
ဦးစွာ နယ်စီးသာသနာပိုင်ကြီး ဒေါက်တာ ဂျိမ်း(စ်)မင်ဒိန် က ဆုတောင်းမေတ္တာ စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အမှာစကားများ အသီးသီး ပြောကြားကြသည်။ ထို့နောက် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် (အင်္ဂလီကန်) စစ်တွေမြို့၊ ကသိဒြယ်ဘုရားကျောင်း တာဝန်ခံက အသင်းတော်၏ သာသနာတော် ဆိုင်ရာ ဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အသင်းဝင်များက ဒေသ ကောင်းကျိုးကိစ္စရပ်များနှင့် ပတ်သက်၍ အကြံပြုဆွေးနွေး တင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ကသီဒြယ်ဘုရား ကျောင်းအတွက် အလှူငွေ များ ပေးအပ်လှူဒါန်းရာ နယ်စီးသာသနာပိုင်ကြီးက လက်ခံရယူပြီး ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က တက်ရောက်လာကြသူများအား ရင်းရင်း နှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြကြောင်း သတင်း ရရှိသည်။