ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံ

Monday, April 5, 2021 - 06:45

နေပြည်တော်၊ မတ် - ၆

တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား  COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံ ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာ အောင်မြေမြို့နယ်ရှိ မစိုးရိမ်တိုက်မှ မဟာနာယကဆရာတော်များ၊ အောင်မြေသာစံမြို့နယ်ရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်မှ ပါမောက္ခ၊ ဌာနမှူး၊ ကထိကဆရာတော်များ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းမှ စာချ၊ စာသင်ဆရာတော်များ အမှူးပြုသော သံဃာတော်များ စုစုပေါင်း ၁၄၂ ပါးတို့ကို အဆိုပါကျောင်းတိုက်များအသီးသီး၌ တိုင်းစစ်ဌာနချုပ်မှ ဆေးအဖွဲ့များက ကျန်းမာရေးစစ်ဆေးပေးပြီး COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်နေမှုများကို မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်ကိုနှင့် အဖွဲ့ဝင်များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သတင်းရရှိသည်။