တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်အတွင်း၌  ခရီးသည်တင်မော်တော်ယာဉ် ၁ စီးအား PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ခရီးသွားပြည်သူ ၂ ဦးသေဆုံး နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၉

Sunday, February 19, 2023 - 14:15

            တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်အတွင်း NUG ၊ CRPH လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက ခရီးသည်တင်မော်တော်ယာဉ် ၁ စီးအား လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်မှုကြောင့် အပြစ်မဲ့ခရီးသွားပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

            ဖြစ်စဉ်မှာ ယာဉ်မောင်း ဦးမင်းမင်းချမ်း မောင်းနှင်ပြီး ခရီးသည် အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၄ ဦး တို့ လိုက်ပါလာသည့် မော်တော်ယာဉ်သည် ကော့သောင်းမြို့မှ မြိတ်မြို့သို့ ထွက်ခွာလာခဲ့ရာ ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာနှင့် ခဲချောင်းကျေးရွာလမ်းဆုံသို့ ရောက်ရှိစဉ် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်မှု ကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူများအနက် အမျိုးသမီး ၁ ဦးနှင့် အသက် ၉ နှစ်အရွယ် ယောကျ်ာလေး ၁ ဦးတို့တွင် လက်နက်ငယ်ကျည် ထိမှန်သေဆုံးခဲ့ကြောင်း သိရှိရသည်။

            အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူလူထုနှင့်ပူးပေါင်းလက်တွဲကာ  လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ  ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။