မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် အသုံးပြုနိုင်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်း နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၇

Friday, February 17, 2023 - 14:00

          မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် အသုံးပြုနိုင်ရေး အတွက် စေတနာရှင် အလှူရှင်များက အလှူငွေများ လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ အလှူရှင်နှင့် မိသားစုဝင်များ တက်ရောက် ကြသည်။

          ဦးစွာ အလှူရှင် ဦးစေ့ဟုတ်နှင့် ဇနီး ဒေါက်တာ အေးအေးမာ မိသားစုက ကျောက်စာရုံစေတီတစ်ဆူအတွက် အလှူငွေကျပ် ၂၇၉ သိန်း၊ ပိဋကတ်(၃)ပုံ ကျမ်းစာအုပ်(ဂျပန်ဘာသာ)တစ်အုပ်နှင့် ငွေကျပ်သိန်း ၂၀ တို့ကို ပေးအပ်လှူဒါန်းရာ တိုင်းမှူးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။