အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်း ဖက်သမားများ၏ မတရားအနိုင်ကျင့်ဖမ်းဆီးချုပ်နှောင်ခံထားရသူများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ကောင်းမွန်စွာ ပြန်လည်ကယ်တင်နိုင်ခဲ့ နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၇

Friday, February 17, 2023 - 14:00

          အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ မတရားအနိုင်ကျင့် ဖမ်းဆီးချုပ်နှောင်ထားသည့် တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ မြို့ရွာအချို့မှ နိုင်ငံ့ဝန်ထမ်းများ၊ ကျေးရွာသူ၊ ကျေးရွာသား များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပုလောမြို့နယ်၊ ကဒဲကျေးရွာအတွင်းရှိ  နေအိမ် အတွင်းမှ ကောင်းမွန်စွာ ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း သိရှိရသည်။

          ဖြစ်စဉ်မှာ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ မြို့ရွာအချို့မှ နိုင်ငံဝန်ထမ်းများ၊ ကျေးရွာသူ၊ ကျေးရွာသား များအား ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ် များကို ပြုလုပ်လျက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် သတင်းဆက် ရှာဖွေဖော်ထုတ်ခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသူများအား ပြန်လည်တွေ့ရှိရေး လိုအပ်သည့် ရှာဖွေကယ်ဆယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ်ပိုင်းတွင် ပုလောမြို့နယ်၊ ကဒဲကျေးရွာအတွင်းရှိ နေအိမ်တစ်လုံး အတွင်း၌ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသည့် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၂ ဦးတို့အား ပြန်လည်တွေ့ရှိ ကယ်ဆယ်နိုင်ခဲ့ပြီး လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။

          ကနဦး စစ်ဆေးမေးမြန်းချက်များအရ ၎င်းတို့သည် နိုင်ငံ့ဝန်ထမ်းများ၊ ရိုးသားစွာ နေထိုင်လုပ်ကိုင်စားသောက်လျက်ရှိသည့် ဒေသခံများဖြစ်ကြောင်း သိရှိ ရပြီး ထားဝယ်-မြိတ် ကားလမ်းတစ်လျှောက် ပုံမှန်သွားလာလျက်ရှိစဉ်နှင့် တောင်ယာလုပ်ငန်းများ လုပ်ကိုင်လျက်ရှိစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း၊ ဖမ်းဆီး ခံရချိန်တွင် ရိုက်နှက်မှုများရှိကြောင်းနှင့် ၎င်းတို့ပိုင်ဆိုင်သည့် လက်ကိုင်ဖုန်း၊ ငွေနှင့် ပစ္စည်းများအား သိမ်းဆည်းခံခဲ့ရကာ ကဒဲကျေးရွာရှိ နေအိမ်အတွင်း၌ ဖမ်းဆီး ချုပ်နှောင်ခြင်းခံခဲ့ရကြောင်း၊ နေအိမ်အပြင်မှ သော့ခတ်၍ PDF အမည်ခံ အကြမ်း ဖက်သမား ၁၀ ဦးခန့်က စောင့်ကြည့်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ ရှေ့တွင် ယခင် ဖမ်းဆီးခံရသူ ၃ ဦးခန့်အား  လက်ပြန်ကြိုးတုတ်၍ ခေါ်ဆောင်သွားသည်ကို တွေ့ရှိ ရပြီး ၎င်းတို့မှာ ပြန်လည်ရောက်ရှိလာခြင်းမရှိကြောင်း သိရှိရပြီး ၎င်းတို့၏ ပြောဆိုချက်များကို ယခုလိုပဲ ကြားသိရပါတယ် ----

အပြစ်မဲ့အမျိုးသမီးများနှင့် နိုင်ငံ့ဝန်ထမ်းများကို ဖမ်းဆီးချုပ်နှောင်ခြင်း၊ အပြစ်မဲ့ပြည်သူများကို အကြပ်ကိုင်ခြိမ်းခြောက်ချုပ်နှောင်ခြင်းများသည် ဂျီနီဗာ ကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ရာရောက်ပြီး အဆိုပါစစ်ရာဇဝတ်မှုများအတွက် အကြမ်းဖက်မှု တိုက်ဖျက် ရေးဥပဒေ၊ ရာဇသတ်ကြီးနှင့်သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေး ဆောင်ရွက်မှု (Counter-terrorism Action)ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အများပြည်သူများအနေဖြင့် အကြမ်းဖက်အဖွဲ့၏လုပ်ရှားမှု သတင်းများရရှိက လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားရန် အသိပေးသတင်း ထုတ်ပြန်အပ်ပါသည်။