Friday, February 10, 2023 - 15:15
မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် အသုံးပြုနိုင်ရေး အတွက် စေတနာရှင် အလှူရှင်များက အလှူငွေများ လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များ တက်ရောက် ကြသည်။
ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့က အဝင်မုခ်ဦးငယ်တစ်ခုနှင့် သုဓမ္မာဇရပ် တစ်ဆောင်တို့အတွက် အလှူငွေကျပ်သိန်း ၅၅၅ဝ နှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့် (အငြိမ်းစား)မိသားစုက အလှူငွေကျပ်သိန်း ၇၀ တို့ကို ပေးအပ်လှူဒါန်းရာ တိုင်းမှူး က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။