ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံ

Monday, April 5, 2021 - 05:45

နေပြည်တော်၊ မတ် - ၆

တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား  COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံ ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာ အောင်မြေမြို့နယ်၊ ရွှေကျင်ဂိုဏ်းအကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇော်တိကဓဇ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဝေရာရာမရန်ကင်းကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တ ဩဒါတသီရိဘိဝံသ အမှူးပြုသော သံဃာတော်များ၊ ဗန်းမော်ကျောင်းတိုက်နှင့် ချမ်းအေးသာစံမြိုနယ်၊ မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်တို့မှ သံဃာတော်များအား အဆိုပါကျောင်းတိုက်များအသီးသီး၌ တိုင်းစစ်ဌာနချုပ်မှ ဆေးအဖွဲ့များက ကျန်းမာရေးစစ်ဆေးပေးပြီး COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။