ထိုင်းနိုင်ငံတွင်ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် ပြန်လာရန်အခက်အခဲ ဖြစ်ပေါ်လျက်ရှိသော မြန်မာနိုင်ငံသားများအား တပ်မတော်မှ ပြန်လည်ခေါ်ဆောင်လာသည့် အင်တာဗျူးဖြေကြားမှုများ နေပြည်တော်၊ ဖေဖော်ဝါရီ - ၂

Thursday, February 2, 2023 - 17:00

၁။ ဒုတိယဗိုလ်မှူးကြီး ကိုကိုလတ် (တနင်္သါရီရေတပ်စခန်းဌာနချုပ်)

အခုခရီးစဉ်ကတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လမ်းညွှန်ချက်အရ ပြည်ပနိုင်ငံကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား တွေ၊ ကိုယ့်နိုင်ငံပြန်ဖို့ အခက်အခဲရှိတဲ့ နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ ထိုင်းနိုင်ငံ ရနောင်းမြို့ (---- ) ဆိပ်ကမ်းမှာ သွားရောက်ခေါ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ စုစု ပေါင်း မြန်မာနိုင်ငံသား ၆၇၉ ဦးကို သွားရောက်ခေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အဖွဲ့ခေါင်းဆောင်အနေနဲ့ တနင်္သါရီရေတပ်စခန်းဌာနချုပ်ဌာနချုပ်မှူး ဗိုလ်မှူး ချုပ် သိန်းထူး ဦးဆောင်ပြီးတော့ ကော့သောင့်အခြေချစစ်ဗျူဟာ စစ်ဗျူဟာမှူး ခရိုင်........... အဖွဲ့နဲ့ ကျန်တဲ့ရုံးအဖွဲ့တွေပါဝင်ပြီးတော့ စနစ်တကျ လွှဲပြောင်း လက်ခံခဲ့ပါတယ်။ ကျွန်တော်တို့ တပ်မတော် (ရေ) ရဲ့ လုပ်ငန်းတာဝန် (၄) ရပ်ထဲမှာ လူသားချင်းစာနာထောက်ထားခြင်း (HATR) လုပ်ငန်းကလည်း တစ်ခု အပါအဝင်ဖြစ်တဲ့အတွက် ကိုယ့်နိုင်ငံသားတွေကို တခြားနိုင်ငံကနေ ဒုက္ခရောက် နေချိန်မှာ ပြန်လည်ခေါ်ယူနိုင်ခဲ့တာကလည်း တပ်မတော်(ရေ)ရဲ့ ရည်မှန်းချက် တာဝန်တစ်ရပ်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့တာမို့ ဝမ်းသာဂုဏ်ယူမိပါ တယ်။ ပြန်လည်ခေါ်ဆောင်လာတဲ့ နေရပ်ပြန် ပြည်သူပြည်သားတွေကိုတော့ ကော့သောင်းရောက်ရင် နွေးထွေးစွာ ကြိုဆိုလက်ခံပြီးတော့ ဆေးစစ်တာတွေ ဆောင်ရွက်ပေးမယ်။ နေရပ်ပြန်ဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ ဆောင်ရွက် ပေးထားတာရှိပါတယ်။ ဒီမှာလည်း ဆက်လက်ပြီးတော့ အလုပ်အကိုင်အခွင့် အလမ်းတွေရရှိအောင် ညှိနှိုင်းဆောင်ရွက်မှုတွေဆောင်ရွက်ထားပေးတာရှိပါ တယ်။

၂။ ဦးကိုကိုနိုင် (ဒုတိယညွှန်ကြားရေးမှူး) လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဝန်ကြီးဌာန

          ယခုမြင်တွေ့နေရတဲ့အခမ်းအနားကတော့ ကျွန်တော်တို့မြန်မာနိုင်ငံသား တွေတစ်ဖက်နိုင်ငံကိုအကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိသွားပြီး တစ်ဖက်နိုင်ငံ မှာပြစ်မှုနဲ့ပြစ်ဒဏ်အမျိုးမျိုးကျခံခဲ့ရပါတယ်။ကျခံပြီးပြန်လည်စေလွှတ်တဲ့အချိန် မှာလည်းနှောင့်နှေးကြန့်ကြာမှုလေးတွေရှိနေတဲ့အတွက်ကြောင့် ကျွန်တော်နိုင်ငံ ရဲ့နိုင်ငံတော်အကြီးအကဲ အမြန်ဆုံးပြန်လည်ခေါ်ယူဖို့အတွက် လမ်းညွှန်မှာကြား ခဲ့ပါတယ်။ ဒီလိုလမ်းညွှန်မှာကြားမှုနဲ့အတူ ကျွန်တော်တို့ ပူးပေါင်းအဖွဲ့တွေနဲ့ ဌာနဆိုင်ရာအင်အားပေါင်းမြောက်များစွာနဲ့ ပြန်လည်လက်ခံဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကို ဥပဒေအချက်အလက်တွေနဲ့ ခိုင်လုံစွာပြန်လည်လက်ခံဆောင်ရွက်လျက်ရှိပါတယ်။

၃။ နေရပ်ပြန်အမျိုးသားတစ်ဦး

အခုလိုကျွန်တော်တို့ မြန်မာနိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင် ပေးတဲ့ အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော်သားတွေကို အထူး ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်ကတော့ ကိုယ့်မြန်မာပြည်ကို ပြန်ရောက်ပြီ ဆိုတော့ သူများနိုင်ငံကို ထပ်သွားဖို့ အစီအစဉ်မရှိတော့ပါဘူး။ ကိုယ့်ရပ်ကိုယ့်ရွာ မှာပဲ ကောင်းကောင်းမွန်မွန် လုပ်ကိုင်စားသောက်ချင်ပါတယ်။ သူများနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကြမယ်ဆိုရင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံသူ နိုင်ငံ သားတွေအနေနဲ့ နိုင်ငံတော်ရဲ့ခွင့်ပြုချက်နဲ့ Passport, Visa အခိုင်အမာနဲ့ သွားပါလို့ ကျွန်တော် အနူးညွှတ်ပြောကြားလိုပါတယ်။

 

၄။ နေရပ်ပြန်အမျိုးသားတစ်ဦး

          စီးပွားရေးကအဆင်မပြေတော့ ထိုင်းကိုသွားတယ်။ ထိုင်းကိုသွားတော့ တစ်ခါတည်းမိပါတယ်။ ကျွန်တော်တို့ခြောက်လနေခဲ့ရပါတယ်။ အချုပ်ထဲမှာ နေ တော့အစားလည်းမဝ ၊ ရေချိုးရတာလည်း မဝ ၊ ဆေးဝါးကလည်း မပြည့်စုံ‌ဘူး။  ကျွန်တော်တို့မြန်မာပြည်ကို ပြန်လာချင်လို့အကြာကြီး မျော်လင့်ခဲ့ရတယ်။ ခုချိန် မှာပြန်လာရတော့ ဝမ်းသာပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း ကျေးဇူးတင်ပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ်။

၅။ နေရပ်ပြန်အမျိုးသားတစ်ဦး

အဲ့မှာနေရတာ သိပ်အဆင်မပြေဘူး။ သူတို့ထားတဲ့ပုံစံတွေက ခန္ဓာကိုယ် တွေမှာ ယားနာတွေ တအားပေါက်တယ်။ ဆေးဝါးတွေလည်း တင်လို့မရဘူး။ အတင်မပေးဘူး။ စားစရာတွေလည်း အတင်မပေးဘူး။ မှာချင်တာ မှာလို့မရဘူး။ ရောဂါတွေဖြစ်၊ ခန္ဓာကိုယ်တွေမှာ ယားနာတွေပေါက်တာက ထမင်းစားရတာ၊ အစားအသောက်တွေကလည်း မဝဘူးလေ။ နည်းနည်းလေးပဲ ကျွေးတယ်။ အခု လိုမျိုး မြန်မာပြည်ကို ပြန်လာလို့ရအောင် စီစဉ်ပေးတဲ့အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။ အခုလောလောဆယ်တော့ ကိုယ့်ရခိုင်ပြည်နယ်ကိုပဲ ပြန်ပြီးတော့ ကိုယ့်မိသားစုနဲ့ပဲအတူနေပြီး စည်းစည်း လုံးလုံးနဲ့ ပြန်ပြီးလုပ်ကိုင်စားသောက်တော့မယ်လို့ ဆုံးဖြတ်ထားပါတယ်။

၆။ နေရပ်ပြန်အမျိုးသမီးတစ်ဦး

          ကျွန်မကတော့ ကျန်းမာရေးကောင်းပါတယ်။ အနေအစားကတော့ ခက်ခဲ တာပေါ့နော်။ ကျန်းမာရေးမကောင်းတဲ့သူတွေအများကြီးပေါ့။ အစားစာရတာ ရော ဆေးဝါးကအစ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်သုံးရတာပေါ့။ နေရတာတော့ အဆင်မပြေပါဘူးရှင်။ အခုလိုလာခေါ်ပေးတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုအရမ်းကျေးဇူးတင်ပါတယ်။ ပီတိဝမ်းသာလည်းဖြစ်ရပါတယ်ရှင်။ ဒီထက်မက အသက်ရာကျော်ရှည်ပါစေရှင်။

၇။ နေရပ်ပြန်အမျိုးသမီးတစ်ဦး

ကျွန်မဟိုမှာဖမ်းမိခဲ့တဲ့အချိန်မှာ အရမ်းကိုခက်ခဲဆင်းရဲခဲ့တယ်။ စားချင် တိုင်းလည်းမစားရဘူး။ အစားအသောက်လည်းအရမ်းဆင်းရဲတယ်။ အနေအ ထိုင်လည်းဆင်းရဲတယ်။ အစားအသောက်လည်း လုံးဝအဆင်မပြေဘူး ။ ပို့တော့ လည်း တချို့တဝတ်ပဲရောက်တယ်။ ဝယ်စားတော့လည်း ၂ / ၃ ဆပေးရတယ်။ ကျွန်မတို့အရမ်းခက်ခဲပြီးနေခဲ့ရတယ်။ ဘယ်အချိန်ဘယ်နေ့ပို့မယ်ဆိုတာလည်း မသိဘူး။ မသိဘူးဘဲဖြေနေတော့ ကျွန်မတို့တွေအရမ်းခက်ခဲရပါတယ်။ လမ်းတ ွေပြောက်နေခဲ့တဲ့နေ့တွေ အများကြီးပဲ။ ၂၈ ရက်နေ့မှာ ပြန်ခေါ်မယ်လို့ သတင်းကြားရတော့ တစ်ဖွဲ့လုံး အရမ်းဝမ်းသာခဲ့ရပါတယ်။ ခုလိုပြန်ခေါ်တဲ့ နေရာမှာလည်း စစ်သင်္ဘောတွေနဲ့ အဆင်ပြေပြေချောချောမွေ့မွေ့ နွေးနွေးထွေး ထွေးနဲ့ ကြိုကြိုဆိုဆိုနဲ့ ရှိခဲ့တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ကျွန်မတို့ မိသား စုတွေနဲ့လည်း ပြန်တွေ့ရတော့မယ်။ ကျွန်မတို့ကို ကိုယ်ချင်းစာစိတ်အပြည့်နဲ့ အမြန်ဆုံးခေါ်ဆောင်ပေးခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကျွန်မတစ် ယောက်တည်းမဟုတ်ဘဲ ကျွန်မတို့အားလုံး အရမ်းကိုကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။