ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအား တပ်မတော်ဆေးအဖွဲ့က COVID-19 ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆက်လက်ဆောင်ရွက်

Friday, April 2, 2021 - 10:00

နေပြည်တော်၊  မတ် - ၆

 ပြည်ပမှ ပြန်လည် ဝင်ရောက်လာသည့် မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်အတွင်းရှိ  ဒေသခံပြည်သူများအား COVID-19 ရောဂါနှင့်ပတ်သက်၍လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသဖြင့် မော်လမြိုင်မြို့ရှိ တက္ကသိုလ်(၁၀)မြို့နယ်အဆောင်၌ Quarantine  ထားရှိခဲ့သည်။

ထိုသို့ Quarantine  ထားရှိသည့် ပြည်ပမှပြန်လည်ဝင်ရောက်လာ

သူ ၉၀ ဦးကို ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်ဆေးရုံမှ ဆရာဝန် များ၊ ပါရဂူများ၊ ဆေးမှူးများနှင့်သူနာပြုများက မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ရယူခြင်း၊ RDT နည်းဖြင့် စစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။