KNDO တပ်ရင်း(၆)မှ အကြမ်းဖက် မှုကိုလိုလားသည့်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သမားများက ကော့ကရိတ်မြို့နယ်၊ ကမ်းနီကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံးအား အကြောင်းမဲ့ မီးရှို့ ဖျက်ဆီး နေပြည်တော်၊ ဇန်နဝါရီ - ၂၄

Tuesday, January 24, 2023 - 18:00

            ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကမ်းနီကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား KNDO တပ်ရင်း(၆)မှ အကြမ်းဖက်မှုကိုလိုလားသည့်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမား များက ယနေ့နံနက်အစောပိုင်းတွင် အကြောင်းမဲ့လာရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

            ဖြစ်စဉ်မှာ KNDO တပ်ရင်း(၆)မှ အကြမ်းဖက်မှုကိုလိုလားသည့်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် ယနေ့နံနက် ၃ နာရီခန့်တွင် ကော့ကရိတ်မြို့နယ်၊ တံတားဦး ကျေးရွာဘက်မှ ကမ်းနီကျေးရွာဘက်သို့ မော်တော်ယာဉ် ၂ စီးဖြင့်ရောက်ရှိလာပြီး ကမ်းနီကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မီးရှို့ဖျက်ဆီးမှုကြောင့် အလျား ၁၅ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၅ ပေရှိ ရုံးအဆောက်အဦ မီးလောင်ပျက်ဆီးခဲ့ကြောင်းနှင့် အဆိုပါကျေးရွာရှိ ဒေသခံပြည်သူများအနေဖြင့် အကြမ်းဖက်အဖွဲ့များ၏ ဥပဒေမဲ့အကြပ်ကိုင် ခြိမ်းခြောက်မှုများနှင့် အကြမ်းဖက်မှုများကြောင့် နီးစပ်ရာဆွေမျိုးများရှိရာသို့ ပြောင်းရွှေ့နေထိုင် လျက်ရှိကြောင်း သိရှိရသည်။

            အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ  ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။