ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် ထိုင်းဘုရင့်တပ်မတော်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံမှပြန်လည်ထွက်ခွာ နေပြည်တော်၊ ဇန်နဝါရီ - ၂၁

Saturday, January 21, 2023 - 14:45

မြန်မာနိုင်ငံ၌အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သည့် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်ကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး 8th High Level Committee Meetingသို့ တက်ရောက်ခဲ့သည့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi ဦးဆောင်သည့် ထိုင်း ဘုရင့်တပ်မတော်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ထိုင်းဘုရင့်တပ်မတော် အထူး လေယာဉ်ဖြင့် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ ထိုင်းနိုင်ငံသို့ပြန်လည်ထွက်ခွာသွားကြသည်။

အဆိုပါ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် ထိုင်းဘုရင့်တပ်မတော် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်၀င်းဆွေနှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်တပ်မတော်မှ (ကြည်း၊ရေ၊လေ) စစ်သံမှူးများနှင့်ဇနီးများ၊ တာဝန်ရှိသူများက မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၌ ပို့ဆောင်နှုတ်ဆက် ကြသည်။

ထိုင်းဘုရင့်တပ်မ‌တော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် ထိုင်းဘုရင့်တပ်မ‌တော်အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်နှင့် ခြောက်ထပ်ကြီးဘုရားသို့ သွား ရောက်ဖူးမြော်ကြပြီး ပန်း၊ရေချမ်း၊ဆီမီးများကပ်လှူပူဇော်ခြင်း၊ အလှူငွေများ လှူဒါန်းခြင်းနှင့် ဗိုလ်ချုပ် အောင်ဆန်းစျေးသို့ သွားရောက်လေ့လာလည်ပတ်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။