မြန်မာ-ထိုင်း တပ်မတော်နှစ်ကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး  (8th HLC) သို့ တက်ရောက်ရန်အတွက် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ နေပြည်တော်၊ ဇန်နဝါရီ - ၁၉

Thursday, January 19, 2023 - 14:45

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သည့် မြန်မာ-ထိုင်း တပ်မတော် နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး 8th High Level Committee Meeting သို့ တက်ရောက်ရန်အတွက် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် General Chalermphon Srisawasdi ဦးဆောင်သည့် ထိုင်းဘုရင့်တပ်မတော် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ထိုင်းဘုရင့်တပ်မတော် အထူး လေယာဉ် ဖြင့် ရခိုင်ပြည်နယ်၊ သံတွဲလေဆိပ်သို့ ရောက်ရှိကြသည်။

အဆိုပါ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် ထိုင်းဘုရင့် တပ်မတော်အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များနှင့်ဇနီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့် တပ်မတော်စစ်သံမှူးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ရင်းနှီးနွေးထွေးစွာ ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။

ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် အဆင့်မြင့် ကိုယ်စား လှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း 8th High Level Committee Meeting သို့ တက်ရောက်ခြင်း၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် ဆွေးနွေးဆောင်ရွက်ခြင်း၊ တန်ခိုးကြီးဘုရား များအား ဖူးမြော်ခြင်းနှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။