နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်သည့် ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ် နေပြည်တော်၊ ဇန်နဝါရီ - ၁၅

Sunday, January 15, 2023 - 15:45

          (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲများ ချီးမြှင့်အပ်နှင်း ခြင်းအခမ်းအနားကို ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင် ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဘွဲ့ခံပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင် ဘွဲ့များကို တစ်ဦးချင်းချီးမြှင့်အပ်နှင်းခဲ့သည်။

          အဆိုပါဂုဏ်ထူးဆောင်ဘွဲ့များအပ်နှင်းခြင်းအခမ်းအနားသို့ အကြောင်းအမျိုးမျိုး ကြောင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း တက်ရောက် ရယူနိုင်ခဲ့ခြင်းမရှိဘဲ အဝေးရောက်လက်ခံရယူနိုင်မည့် ဘွဲ့ခံပုဂ္ဂိုလ်များအား နေပြည် တော်ကောင်စီအပါအဝင် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဂုဏ်ထူးဆောင်ဘွဲ့များ လက်ခံရယူမည့် ကာယကံရှင်မိသားစုဝင်များထံသို့ သွားရောက်ချီးမြှင့်အပ်နှင်း ပေးလျက်ရှိသည်။

          ထိုသို့ ချီးမြှင့်အပ်နှင်းပေးလျက်ရှိရာတွင် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက စည်သူဘွဲ့ရရှိသူ နိုင်ငံတော်ကောင်စီဝင် ဦးစန်းမောင်(ငြိမ်း) (ကွယ်လွန်)ကိုယ်စား သမီးဖြစ်သူ ဒေါ်ကြည်ကြည်စန်းမောင်ကိုလည်းကောင်း၊ အလင်္ကာကျော်စွာဘွဲ့ရရှိသူ စာရေးဆရာမ ဒေါ်နုယဉ်ကိုယ်စား သမီးဖြစ်သူ ဒေါ်စိုးငြိမ်းကိုလည်းကောင်း၊ သိပ္ပကျော်စွာဘွဲ့ရရှိသူ စာရေးဆရာ ဦးအုန်းဖေကိုယ်စား သမီးဖြစ်သူ ဒေါ်ငွေရီကိုလည်းကောင်း၊ စည်သူဘွဲ့ရရှိသူ နိုင်ငံတော်ကောင်စီဝင်  ဦးသာကျော်(ကွယ်လွန်)ကိုယ်စား သားဖြစ်သူ ဦးစံသိန်းကိုလည်းကောင်း၊ စည်သူဘွဲ့ ရရှိသူ နိုင်ငံတော်ကောင်စီဝင် ဦးအုန်းကြည်(ကွယ်လွန်)ကိုယ်စား သမီးဖြစ်သူ ဒေါ်ခင်ထားနီကိုလည်းကောင်း၊ အလင်္ကာကျော်စွာဘွဲ့ရရှိသူ စာရေးဆရာမ ဒေါ်ခင်ဆွေဦး(ကွန်လွန်)ကိုယ်စား မြေးဖြစ်သူ လပြည့်ငြိမ်းချမ်းကိုလည်းကောင်း၊ သီရိပျံချီဘွဲ့ရရှိသူ ပဲခူးတိုင်းပြည်သူ့ကောင်စီ ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ထွန်းကျော် (ငြိမ်း)(ကွယ်လွန်)ကိုယ်စား သမီးဖြစ်သူ ဒေါ်စန်းစန်းမြင့်ကိုလည်းကောင်း၊ ဝဏ္ဏ ကျော်ထင်ဘွဲ့ရရှိသူ အမှတ်(၂)စက်မှုဌာန၊ ဒုတိယဝန်ကြီး ဒုတိယဗိုလ်မှူးကြီး သန်းညွန့်(ငြိမ်း)ကိုယ်စား သားဖြစ်သူ ဦးစိုးညွန့်နိုင်ကိုလည်းကောင်း၊ သီရိပျံချီဘွဲ့ရရှိသူ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး မြသင်း(ငြိမ်း)(ကွယ်လွန်) ကိုယ်စား ဇနီးဖြစ်သူ ဒေါ်မေညွန့်ရီကိုလည်းကောင်း၊ ဇေယျကျော်ထင်ဘွဲ့ရရှိသူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဗိုလ်ချုပ် လှဦး(ငြိမ်း)ကိုယ်စား သမီးဖြစ်သူ ဒေါ်နှင်းမာလာဦးကိုလည်းကောင်း ဂုဏ်ထူးဆောင်ဘွဲ့များအား ၎င်းတို့၏ နေအိမ်များသို့ သွားရောက်၍ လက်ဝယ်အရောက် ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သတင်းရရှိသည်။