Friday, April 2, 2021 - 06:45
နေပြည်တော်၊ မတ် - ၅
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့ ပြည်သူ့ဆေးရုံမှ ဒေါက်တာ ရဲဝင်း အပါအဝင် ဆရာဝန်၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၂၂ ဦးသည် ဒေသခံပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ခြင်းမပြုဘဲ ဖေဖော်ဝါရီ ၃ ရက်မှစ၍ CDM တွင်ပါဝင်ပြီး တာဝန်ပျက်ကွက်လျက်ရှိကြောင်း သိရှိရ သည်။
အဆိုပါဖြစ်စဉ်ကြောင့် ဒေသခံပြည်သူလူထု၏ကျန်းမာရေးလုပ်ငန်းများကို ဆောင်ရွက် ပေးရန်အခက်အခဲများဖြစ်ပေါ်နေသည့်အတွက် ဒေသခံပြည်သူများက ယနေ့တွင် CDM ပြုလုပ်သော “လက်ပံတန်းပြည်သူ့ဆေးရုံ အမြန်ဆုံးပြန်ဖွင့်ပေးရေး၊ သော့ခတ်ထားတဲ့ဆေးရုံကြီး မြန်မြန်ဖွင့်၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်ပေး”စသည့် စာသားပါဆိုင်းပုဒ်များ၊ ကြွေးကြော်သံ များဖြင့် ရှုံ့ချဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။