မြဝတီမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မြန်မာ- ထိုင်း အမှတ်(၁)ချစ်ကြည်ရေး တံတား ပြန်လည်ဖွင့်လှစ် နေပြည်တော်၊ ဇန်နဝါရီ - ၁၂

Thursday, January 12, 2023 - 15:00

          ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မြန်မာ- ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားအား ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှု အခြေအနေများ ကြောင့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်မှစ၍ ယာယီပိတ်ထားခဲ့ရသည်။

          အဆိုပါ တံတားအား ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်ခြမ်းမှ ခရိုင်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစိုးတင့်နှင့် အဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှ တပ်မတော် အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဘက်ခြမ်းမှ တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူး Somchai Kitcharea Mrungroj၊ ထိုင်း- မြန်မာ မြို့နယ်အဆင့် နယ်ခြားကော်မတီ ဥက္ကဋ္ဌ (မဲဆောက်) ဗိုလ်မှူးကြီး ဖုန်စထာန်နစ်ဖရာ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြန်မာ- ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတား အလယ်ရှိ နယ်ခြားမျဉ်း၌ ပြန်လည် ဖွင့်လှစ်ပေးခဲ့ပြီး ယနေ့ နံနက် ၈ နာရီခွဲမှစ၍ နှစ်နိုင်ငံနယ်စပ်ရှိ ပြည်သူများက အမှတ်(၁)ချစ်ကြည်ရေး တံတားအား ဖြတ်သန်းသွားလာလျက်ရှိကြောင်းနှင့် ကုန်စည်စီးဆင်မှုများလည်း ပိုမို လျှင်မြန်ချောမွေ့လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။