Wednesday, January 11, 2023 - 15:15
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များသည် မာန်အောင်မြို့၏ အနောက်ဘက် ရေမိုင် ၂၃ မိုင်ခန့်အကွာ၌ ငါးဖမ်းဝါးလတ်လှေတစ်စီး မီးလောင် နေကြောင်း သတင်းအရ ဇန်နဝါရီ ၁၀ ရက် ညနေ ၅ နာရီခွဲခန့်တွင် သွားရောက် ရှာဖွေစိစစ်ခဲ့ရာ ထူးထက်အောင်(၇၂)အမည်ရှိ ငါးဖမ်းဝါးလတ်လှေ ၁ စီး မီးလောင် နေသည်ကို တွေ့ရှိခဲ့သဖြင့် ဒေသခံငါးဖမ်းလှေများနှင့်အတူ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ပြီး လှေပေါ်ပါ လှေသား ၁၃ ဦးအား စစ်ရေယာဉ်ပေါ်သို့တင်ဆောင်၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
အဆိုပါ မီးလောင်နေသည့် ငါးဖမ်းဝါးလတ်လှေမှ လှေသားများအား ယနေ့တွင် သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။