နေပြည်တော်ရှိ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များနှင့် ဝန်ကြီးဌာနများမှ အရာထမ်းများ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ

Friday, April 2, 2021 - 06:45

နေပြည်တော် မတ် ၅

နေပြည်တော်ရှိ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များနှင့် ဝန်ကြီးဌာနများမှ အရာထမ်းများအား ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာ (၁) ကာကွယ်ဆေးထိုးစုရပ်၌ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD) ဒုတိယအကြိမ် ထိုးနှံပေးကြသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD) ထိုးနှံခြင်းကို နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်ရာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် ညွှန်ကြားရေးမှူးများအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD) ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်း များက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး  ပုံမှန်အနေအ ထားရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးကြောင်းသိရသည်။

 ယနေ့တွင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များနှင့် ဝန်ကြီးဌာနများမှ အရာ ထမ်း စုစုပေါင်း (၄၇၉) ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းဖြစ် ပြီး ကျန်ရှိသည့်ဝန်ကြီးဌာနများမှ ဝန်ထမ်းများကိုလည်း ဒုတိယအကြိမ်ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။