နေပြည်တော်၊ မတ်လ ၅ ရက်
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် နိုင်ငံတော်မှ ထုတ်ပြန်ထားရှိသော လူစုဝေးခွင့်ညွှန်ကြားချက်များအား ချိုးဖောက်ခဲ့သဖြင့် လိုက်နာမှုမရှိသူ အမျိုးသား(၁၃၈)ဦး၊ အမျိုးသမီး(၅၇)ဦး၊ စုစုပေါင်း(၁၉၅)ဦးအား နယ်မြေခံ လုံခြုံရေးရဲတပ်ဖွဲ့ခွဲတွင် ခေတ္တဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဦးစီးဦးဆောင်ပြုလုပ်သူ(၆)ဦးအား တရားဥပဒေအရ အရေးယူနိုင်ရေးဆောင်ရွက်ခဲ့ပြီး ကျန် အမျိုးသား၊ အမျိုးသမီးများအား ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
ထိုသို့ ခေတ္တထိန်းသိမ်းထားရှိစဉ် အချို့မှာ အမူအယာသွင်ပြင်ပုံမှန်မဟုတ်ဘဲ မူးယစ် ဆေးဝါးသုံးစွဲထားရှိသောသူများ၏ စရိုက်လက္ခဏာကဲ့သို့တွေ့ရှိရသဖြင့် ၎င်းလက္ခဏာရှိသူ (၃၈)ဦးအား (ဆီး)နမူနာရယူ၍ စစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးစဉ် သက်ဆိုင်ရာဆေးရုံ၏ ဆေးစစ်ချက်ပြန်ကြားမှုအရ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ပြန်လည်စေလွှတ်ပေးခဲ့သူ အမျိုးသမီး(၁၇)ဦးသည် မူးယစ်ဆေးဝါးသုံးစွဲ ထားရှိကြောင်း ဆေးစစ်ချက်ပြန်ကြားခဲ့ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။