ကျောက်ခဲကြီးကျေးရွာအနီးရှိ နာရေးအိမ်၌ လိုအပ်သည့်အုပ်ချုပ်မှုကိစ္စရပ်များ ကူညီ ဆောင်ရွက်ပေးနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင

Tuesday, January 3, 2023 - 16:45

ကျောက်ခဲကြီးကျေးရွာအနီးရှိ နာရေးအိမ်၌ လိုအပ်သည့်အုပ်ချုပ်မှုကိစ္စရပ်များ ကူညီ ဆောင်ရွက်ပေးနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ကျဆုံး၊ ဒဏ်ရာရရှိခဲ့ပြီး အပြစ်မဲ့ဒေသခံ ပြည်သူ ၃ ဦးသေဆုံး

နေပြည်တော်၊ ဇန်နဝါရီ - ၃

            ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ခဲကြီးကျေးရွာအနီးရှိ နာရေးအိမ် ၌ လိုအပ်သည့်အုပ်ချုပ်မှုကိစ္စရပ်များ ကူညီဆောင်ရွက်ပေးနေသည့် လုံခြုံရေးတပ်ဖွဲ့နှင့် ဒေသခံပြည်သူများအား KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ဒဏ်ရာရရှိခဲ့ပြီး အပြစ်မဲ့ ဒေသခံပြည်သူ  ၃ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

            ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက် နေသော တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၂ ရက် နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် ကျောက်ကြီး မြို့မှ ကျောက်ခဲကြီးကျေးရွာသွား ကားလမ်းအနီး လူကြီးရောဂါဖြင့် ကွယ်လွန်သည့် နာရေး အိမ်သို့ သွားရောက်၍ လိုအပ်သည့်အုပ်ချုပ်မှုကိစ္စရပ်များဆောင်ရွက်ပေးပြီး ပြန်လည်ထွက် ခွာလာစဉ် KNU တပ်မဟာ(၃)အဖွဲ့နှင့် အကြမ်းဖက်သမားများက ၎င်းနေအိမ်၏ အနောက် တောင်ဘက်ရှိ နေအိမ်များအတွင်း အကာအကွယ်ယူ၍ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် အဆိုပါ နာရေးအိမ်တွင် ကူညီလုပ်ကိုင်ဆောင်ရွက်ပေးနေသည့် အပြစ်မဲ့ဒေသခံပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

            အထက်ပါဖြစ်စဉ်တွင် အကြမ်းဖက်သမားများနှင့် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။