ဗန်းမော်မြို့နယ်၊ မြစေတီကျေးရွာအနီး၌ တရားမဝင်ရွှေတူးဖော်လျက်ရှိသည့် စက်လှေ များနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိ နေပြည်တော်၊ ဒီဇင်ဘာ - ၃၁

Saturday, December 31, 2022 - 15:15

          တပ်မတော်အနေဖြင့် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်လျက်ရှိသည့်အပြင် နိုင်ငံတော်၏ မြေပေါ်၊ မြေအောက် သယံဇာတများကို တရားမဝင်ထုတ်ယူသုံးစွဲမှုများ မရှိစေရေးအတွက်လည်း တရားဥပဒေစိုးမိုးရေးတာဝန် များကို နေ့ညမပြတ်ထမ်းဆောင်လျက်ရှိသည်။

ထိုသို့ ထမ်းဆောင်လျက်ရှိရာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၃၀ ရက် နံနက် ၈ နာရီ ၅၀ မိနစ်ခန့်တွင် မြစေတီကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၁၅၀ ခန့်အကွာသို့အရောက်၌ ဧရာဝတီမြစ်အတွင်း တရားမဝင်ရွှေတူးဖော်လျက်ရှိသည့် စက်လှေ ၅၇ စီးနှင့် ရွှေတူးဖော်ရာတွင်အသုံးပြုသည့် သစ်သားမျောစင် ၃ ခု အပါအဝင် ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့  သိမ်းဆည်းရမိခဲ့သည်။

          အဆိုပါ ဖမ်းဆီးရမိသည့် စက်လှေများနှင့် ဆက်စပ်ပစ္စည်းများအား လုပ်ထုံးလုပ် နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။