ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် အဆိုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော် နေပြည်တော်၊ ဒီဇင်ဘာ - ၃၀

Friday, December 30, 2022 - 15:45

          အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၌ ဒီဇင်ဘာ ၂၁ ရက်တွင် ကျင်းပ ခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေး၌ မြန်မာနိုင်ငံဆိုင်ရာ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက် အဆိုတစ်ရပ်ကို မဲခွဲချမှတ်ခဲ့ကြောင်း သိရှိရသည်။

          အဆိုပါ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် အဆိုနှင့် ပတ်သက်၍ ကန့်ကွက်ရှုတ်ချ ဆန္ဒထုတ်ဖော်ပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၌ ဒေသခံပြည်သူများစုပေါင်း၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် အလိုမရှိ၊ ဒို့ပြည်တွင်းရေးစွက်ဖက်မှု များ အလိုမရှိ၊ အချုပ်အခြာအာဏာထိပါးသူ ဒို့ရန်သူ စသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်၍ ပိုစတာများ၊ ဆိုင်းဘုတ်များကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ခဲ့ကြကြောင်း သတင်းရရှိသည်။