တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ဆေးထိုးအပ်များ ဆက်လက်ပို့ဆောင် နေပြည်တော်၊ ဒီဇင်ဘာ - ၂၈

Wednesday, December 28, 2022 - 16:00

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အဓိက ကျသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ နိုင်ငံတစ်ဝှမ်းတွင် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများ တွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည် နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။

   

ထိုသို့ ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင် အခန်းတွင်ထားရှိသည့် ဆေးတစ်လုံးလျှင်လူငါးဦး ထိုးနှံနိုင်သော Sinopharm ဆေးနှင့် ဆေးထိုးအပ်များကို ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့သို့ Sinopharm ဆေး ၄ဝဝဝ လုံးနှင့် ဆေးထိုးအပ် ၃၃၃ဝဝဝ​ ချောင်း၊ ချင်းပြည်နယ်၊ ပလက်ဝ​မြို့သို့ Sinopharm ဆေး ၂ဝဝ လုံးနှင့် ဆေးထိုးအပ် ၃၃၁၂ဝဝ ​ချောင်း၊ တနင်္သာရီတိုင်း​သေ​ကြီး၊ ​​ကော့​သောင်း​​မြို့သို့ Sinopharm ဆေး ၁၈၀ လုံးနှင့် ဆေးထိုးအပ် ၄၅ဝဝဝ ​ချောင်း၊ ရှမ်းပြည်နယ်(အ​ရှေပိုင်း) ကျိူင်းတုံမြို့သို့​​ ဆေးထိုး အပ် ၁၅၆၆ဝဝ​ ချောင်းတို့ကို တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့သည်။

အဆိုပါ ကာကွယ်‌ဆေးများနှင့် ဆေးထိုးအပ်များကို တာဝန်ရှိသူများက လက်ခံခဲ့ကြပြီး သက်ဆိုင်ရာနေရာများသို့ ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။